P10 ဟာ Huawei ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ဖြစ်ပြီး Leica Camera
များက သူ့ရဲ့ အဓိက စွဲဆောင်မှု ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ဆော့ဖ်ဝဲနဲ့
Specifications များကလည်း စွမ်းရည်မြင့်မားပါတယ်။ မြန်မာနိုင်ငံမှာ P10 ကို
ရောင်းချပေးနေပြီ ဖြစ်တဲ့အတွက် သူ့အတွက် Tips & Tricks များကို
ဖော်ပြပေးလိုက်ပါတယ်။
App Drawer ကို Enable လုပ်ပါ။
Mate 9 နဲ့ P9 တို့မှာလိုပဲ P10 မှာ App Drawer ကို Enable လုပ်ဖို့ Settings> Home screen style > Drawer ထဲသွားပါ။
Customize လုပ်ပါ။
P10 မှာ Customize ပြုလုပ်နိုင်တဲ့ Options များစွာ ပါပါတယ်။
• Quick settings: Notification Bar ကို ဆွဲချပြီး ခဲတံအိုင်ကွန်ကို နှိပ်ပါ။ အဲဒီမှာ အိုင်ကွန်များရဲ့ နေရာကို ပြောင်းလဲနိုင်ပါတယ်။
• Navigation buttons: Settings > Navigation key > Navigation bar > Navigation buttons
• Home Screen Style: Settings > Home screen style
• Font size: Settings > Display> Font size
• Brightness: Settings > Display> Brightness
• Color temperature: Settings> Display> Color temperature
• Status bar: Settings > Notification and Status bar > Status bar ထဲမှာ Carrier Name, Battery Percentage, Network Speed , Notification များကို On/ Off လုပ်နိုင်ပါတယ်။
• Backgrounds, widgets, and transactions: Home Screen မှ နေရာလွတ်ပေါ်ကို ဖိထားရင် Backgrounds , Widgets နဲ့ Transactions များကို Personalize လုပ်နိုင်မှာ ဖြစ်ပါတယ်။
Fingerprint Sensor ကို Activate လုပ်ပါ။
P10 မှာ လက်ဗွေရာ အာရုံခံ ကိရိယာကို Home Button မှာ မြှပ်နှံထားပါတယ်။ Settings> Fingerprint ID> New fingerprint ထဲမှာ သင့်လက်ဗွေရာများကို အများဆုံး ၅ ခု အထိ မှတ်ပုံတင်ထားနိုင်ပါတယ်။
Fingerprint Scanner ကို အသုံးပြုခြင်း
P10 ရဲ့ လက်ဗွေရာ အာရုံခံ ကိရိယာကို အသုံးပြု၍ အောက်ပါ အလုပ်များကို ပြုလုပ်နိုင်ပါတယ်။
• သင့်ဖုန်း Lock ဖြစ်နေတဲ့ အချိန်မှာ လက်ချောင်းကို လက်ဗွေရာ အာရုံခံ ကိရိယာအပေါ်ကို တင်ပေးခြင်းဖြင့် Unlock လုပ်နိုင်ပါတယ်။
• သင့်ရဲ့ ဓါတ်ပုံ၊ သီချင်း၊ ဗီဒီယိုနဲ့ အခြားဖိုင်များကို အခြားလူများ မကြည့်နိုင်အောင် လက်ဗွေရာ လုံခြုံရေးဖြင့် ကာကွယ်နိုင်ပါတယ်။ Settings> Fingerprint ID> Access safe ထဲမှာ Activate လုပ်ပြီး SD Card/ Internal Memory ကို ရွေးပေးပါ။ ပြီးရင် Password ထည့်ပြီး Confirm လုပ်ပါ။ Password မေ့သွားရင် သုံးဖို့ လုံခြုံရေး မေးခွန်းတစ်ခုကို သတ်မှတ်ပါ။ ဖွက်ထားချင်တဲ့ ဖိုင်များကို သတ်မှတ်ဖို့အတွက် Settings> Security and privacy > Safe files ထဲသွားပါ။ လက်ဗွေရာဖြင့် Unlock လုပ်ပြီးရင်တော့ Add ကို နှိပ်၍ သင်သိမ်းချင်တဲ့ ဖိုင်များကို ရွေးပေးပါ။
• File management ထဲမှာ လက်ဗွေရာဖြင့် ကာကွယ်ထားချင်တဲ့ Apps များကို ရွေးချယ်နိုင်ပါတယ်။ သင့် လက်ဗွေရာကို သုံးမှသာ အဲဒီ Apps များကို ဖွင့်နိုင်မှာ ဖြစ်ပါတယ်။
Home Screen ကနေ လျှင်မြန်စွာ ရှာဖွေပါ။
Files, Apps , Contacts, Videos, Music, Messages နဲ့ အခြား ဒေတာများကို လျှင်မြန်စွာ ရှာဖွေဖို့အတွက် Home Screen မှာ အောက်သို့ လက်ဖြင့် ပွတ်ဆွဲပါ။ ဒါဆိုရင် Search Bar ပေါ်လာမှာပါ။
စကရင်မှာ အက္ခရာတစ်ခု ရေးခြင်းဖြင့် App တစ်ခုကို ဖွင့်ပါ။
P10 စကရင်မှာ F လို့ ရေးလိုက်တာနဲ့ Facebook App ကို ဖွင့်ပေးမှာပါ။ ဒီလို ပြုလုပ်ဖို့အတွက် Settings> Smart assistance > Motion control > Open applications ထဲမှာ သတ်မှတ်ပါ။
Split-screen ကို သုံးပါ။
P10 မှာ App ၂ ခုကို တစ်ပြိုင်နက် သုံးနိုင်ဖို့ Split-screen စွမ်းဆောင်ချက်ကို သုံးနိုင်ပါတယ်။ Settings > Smart assistance > Motion control > Split-screen မှာ Activate လုပ်ပါ။ ပြီးရင်တော့ စကရင်ကို ကန့်လန့်ဖြတ် လက်ဆစ်နဲ့ ဆွဲလိုက်ရင် Split-screen ကို ဖန်တီးပေးမှာပါ။
Quick Launcher ကို သုံးပါ။
Lock Screen မှာ အောက်သို့ လက်ဖြင့် ဆွဲချရင် Voice Recorder , Calculator, Flashlight, Alarm Clock , Camera တို့ကို အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် အောက်ဘက်ကို ဆင်းရင် ကြိုတင် အင်စတောလုပ်ထားတဲ့ Backgrounds များနဲ့ Gallery ကို သုံးနိုင်ပါတယ်။
WiFi နဲ့ Mobile Data ကို တစ်ပြိုင်နက် သုံးပါ။
P10 မှာ မြန်နှုန်းမြင့် အင်တာနက်ကို သုံးဖို့အတွက် WiFi နဲ့ Mobile Data တို့ကို တစ်ပြိုင်နက် ပေါင်းစပ် သုံးနိုင်ပါတယ်။ Settings> WiFi ထဲမှာ Activate လုပ်ပါ။ ဒါဆိုရင် ၀ိုင်ဖိုင်ကွန်ရက် အနားသို့ ရောက်တဲ့ အခါမှာ ၀ိုင်ဖိုင် အလိုအလျှောက် ချိတ်ဆက်ပေးမှာ ဖြစ်ပြီး ၀ိုင်ဖိုင်လိုင်းမကောင်းရင် မိုဘိုင်းဒေတာကိုပါ ပေါင်းစပ် သုံးပေးမှာပါ။
Phone Manager App
P10 မှာ Phone Manager App ပါရှိပြီး အောက်ပါ အလုပ်များကို လုပ်နိုင်ပါတယ်။
• App ကို ဖွင့်ပြီး Optimize ကို နှိပ်လိုက်တာနဲ့ သင့်ဖုန်းကို လျှင်မြန်စေပါတယ်။
• Lock app မှာ PIN သတ်မှတ်ပြီး သင်ကာကွယ်ချင်တဲ့ Apps များကို ရွေးချယ်ပါ။
• Cleanup ကို နှိပ်ရင် Memory နဲ့ Cache များအပြင် ရှင်းလင်းသင့်တဲ့ ဒေတာများကို အကြံပြုပေးမှာပါ။
• Phone Calls, Messages များကို Block လုပ်နိုင်ပါတယ်။
• ဘက်ထရီ လက်ကျန်အပေါ် မူတည်ပြီး Energy Saving Mode များကို သတ်မှတ်နိုင်ပါတယ်။
• ဗိုင်းရက်စ်များကို ရှာဖွေနိုင်ပါတယ်။
• Lock Screen မှ Apps များကို ဖယ်ရှားနိုင်ပါတယ်။
Facebook အကောင့် ၂ ခုကို တစ်ပြိုင်နက် သုံးပါ။
P10 မှာ App များကို ပွားသုံးနိုင်တဲ့ စွမ်းရည် ပါလာပါတယ်။ Settings> App twin ထဲမှာ အကောင့် ၂ ခုဖြင့် သုံးချင်တဲ့ App များကို ရွေးချယ်ပါ။
Motion Control Notifications များကို Deactivate လုပ်ပါ။
P10 မှာ Health App ကို Default အားဖြင့် Activate လုပ်ထားပါတယ်။ သူက သင့်ရဲ့ ခြေလှမ်းများ၊ ကယ်လိုရီလောင်ကျွမ်းမှုများကို တွက်ချက်ပေးပြီး Notification ကနေ ပြသပေးပါတယ်။ အဲဒီ Notification များကို ပိတ်ထားချင်ရင် Notification Menu ကို ဖွင့်ပါ။ Health App ရဲ့ Notification ကို ညာဘက်သို့ ပွတ်ဆွဲပြီး Deactivate လုပ်ပါ။
Camera
Camera App ဖြင့် ဓါတ်ပုံများကို Edit လုပ်ပါ။
P10 ရဲ့ Camera App မှာ Edit Tools များစွာ ပါပါတယ်။ Rotate, Crop တို့လို အခြေခံ Tools များ ပါပြီး Filters များစွာ သုံးနိုင်ပါတယ်။ ဓါတ်ပုံကို အဖြူ၊ အမည်း ပြောင်းပေးပြီး သင်ရွေးချယ်တဲ့ နေရာမှာသာ မူလအရောင်ကို ထည့်သွင်းပေးတဲ့ Splash က ထူးခြားဆန်းသစ်ပါတယ်။ Foreground ကို Blur လုပ်နိုင်ပြီး Crispness, Saturation , Contrast တို့လို အရာများကို ချိန်ညှိနိုင်ပါတယ်။
Black & White Photo များ ဖန်တီးပါ။
P10 မှာ 20MP Monochrome Sensor တစ်လုံး ပါပြီး အဖြူ၊ အမည်း ဓါတ်ပုံများကို ရိုက်ကူးနိုင်ပါတယ်။ ကင်မရာ App ကို ဖွင့်ပြီး ညာဘက်သို့ ပွတ်ဆွဲပါ။ Black and White ကို ရွေးပေးပါ။ ပြီးရင်တော့ အသေးစိတ်ကျတဲ့ အဖြူ၊ အမည်း ဓါတ်ပုံများကို ရိုက်ကူးနိုင်ပါပြီ။ Shutter Icon ကို နှိပ်ခြင်းဖြင့် Bokeh Effect များကိုလည်း ထည့်သွင်းနိုင်ပါတယ်။
စကရင် ပိတ်ပြီး ဓါတ်ပုံ ရိုက်ပါ။
လျှင်မြန်စွာ ဓါတ်ပုံ ရိုက်ချင်ရင်တော့ ဖုန်းကို Unlock လုပ်ဖို့ မလိုပါဘူး။ Volume Down Button ကို ၂ ချက်နှိပ်လိုက်တာနဲ့ အဆင်ပြေပါပြီ။
လက်ဆစ်ဖြင့် ခေါက်ပြီး စကရင်ရှော့ ရိုက်ပါ။
Volume Down နဲ့ Power Button ကို မနှိပ်ချင်ရင် Settings > Smart assistance > Motion control > Smart screenshot ထဲသွားပြီး Activate လုပ်ပါ။ ဒါဆိုရင် လက်ဆစ်ဖြင့် ၂ ချက်ခေါက်လိုက်တာနဲ့ စကရင်ရှော့ရိုက်ပေးမှာပါ။
ဘက်ထရီ
ဘက်ထရီ သက်တမ်းကို တိုးမြှင့်ပါ။
P10 မှာ ဘက်ထရီ ချွေတာပေးတဲ့ Modes များ ပါပါတယ်။ အဒီ Mode များရဲ့ အလုပ်များကို အောက်မှာ ဖော်ပြလိုက်ပါတယ်။
• Power saving mode : သူက နောက်ကွယ်မှ Apps များကို ပိတ်ပေးခြင်း၊ အသံကို လျှော့ချပေးခြင်း၊ နောက်ကွယ်မှာ အီးမေးများ ဒေါင်းလုပ်လုပ်ခြင်းကို ပိတ်ပေးခြင်းများကို ပြုလုပ်ပေးပါတယ်။
• Ultra : သူက Phone Call နဲ့ Messages များကိုသာ ခွင့်ပြုပေးတဲ့အတွက် ဘက်ထရီ ကုန်ခါနီးမှာ အသုံးဝင်ပါတယ်။
• Optimize : သူက ဖုန်းရဲ့ စွမ်းရည်ကို တိုးမြှင့်ပေးဖို့ Brightness, Background Apps , Active Display တို့လို အရာများအတွက် Settings များကို အကြံပြုပေးမှာပါ။