ZTE က ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းက တန်ဖိုးနည်း Phablets များဖြင့်
ဈေးကွက်ကို ထိုးဖောက်နေပါတယ်။ Zmax Pro နဲ့ မကြာခင်က ရောင်းချခဲ့တဲ့ Max
XL တို့ဟာလည်း လူကြိုက်များခဲ့ပါတယ်။ အခုလည်း ZTE က အမေရိကန်မှာ Blade X
Max ကို ပွဲထုတ်လိုက်ပါပြီ။
Cricket Wireless က ရောင်းချမှာ ဖြစ်ပြီး ZTE Blade X Max ဟာ Boost Mobile/ Sprint ကနေ ရောင်းချခဲ့တဲ့ ZTE Max XL နဲ့ အလွန် ဆင်တူပေမယ့် ဒီဇိုင်း အနည်းငယ် ကွဲပြားပါတယ်။ Blade X Max ကို အပြာနဲ့ ငွေရောင်များ ထုတ်လုပ်ပေးထားပါတယ်။ Specifications အပိုင်းမှာလည်း အနည်းငယ် အဆင့်မြှင့်ထားပြီး Qualcomm Snapdragon 435 Chipset , 2GB RAM , 32GB Internal Storage များ တပ်ဆင်ထားပါတယ်။ Max XL မှာတော့ 16GB Internal Storage သာ ပါပါတယ်။
အခြား Specifications များကတော့ တူညီကြပြီး Blade X Max မှာ 13 Megapixel Rear Camera , Fingerprint Sensor , 3400mAh Battery , Quick Charge 2.0 , Android 7.1.1 များ တပ်ဆင်ထားပါတယ်။ ၁၄၉ ဒေါ်လာသတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်း ၀န်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။