ဧပြီလတုန်းက တရုတ် ဆက်သွယ်ရေး ကော်မရှင် (TENAA) ထံကနေ
ပေါက်ကြားထွက်ပေါ်လာတဲ့ သတင်းအရ Xiaomi Mi 6 အတွက် အရောင်အသစ်များ
ထုတ်လုပ်ပေးမယ်လို့ သိခဲ့ရပါတယ်။ အခုတော့ TENAA ကနေ တရားဝင်
သတင်းအချက်အလက်များ ထွက်ရှိလာပါပြီ။ ရှောင်မီက Mi 6 ကို လွန်ခဲ့တဲ့ လက
မိတ်ဆက်ခဲ့တာ ဖြစ်ပြီး အနက်၊ အပြာ၊ အဖြူနဲ့ ငွေရောင်များကို
ရောင်းချပေးခဲ့ပါတယ်။ ဒါ့အပြင် တောက်ပြောင်တဲ့ အနက်ရောင် မော်ဒယ်ကိုလည်း
ကြေညာခဲ့ပါတယ်။
အခုတော့ TENAA မှ စာရင်းအရ အခြား အရောင်များစွာကို ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ GizmoChina ရဲ့ အဆိုအရတော့ တောက်ပြောင်တဲ့ အရောင်များ ဖြစ်မယ်လို့ သိရပါတယ်။ TENAA မှာတော့ MCT1 မော်ဒယ် နံပါတ်ကို ဖော်ပြထားပြီး တောက်ပြောင်တဲ့ မော်ဒယ်လို့တော့ ရေးသားထားခြင်း မရှိပါဘူး။ အရောင် အသစ်များမှာ ရွှေ၊ အညို၊ ငွေ၊ အဖြူ၊ အနက် ၊ ရှန်ပိန် ရွှေ၊ အညိုရင့်၊ အပြာနဲ့ ပန်းရောင်များ ဖြစ်တယ်လို့ TENAA ရဲ့ စာရင်းအရ သိရပါတယ်။
Xiaomi Mi 6 ဟာ ဒီဇိုင်းနဲ့ Specifications အပိုင်းမှာ အလွန် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ဖြစ်ပါတယ်။ သူ့ရဲ့ ကိုယ်ထည်ကို သတ္တုနဲ့ ဖန် ပေါင်းစပ်တည်ဆောက်ထားတာ ဖြစ်ပါတယ်။ သူ့မှာ ၅.၁၅ လက်မ Full HD Display , 6GB RAM တပ်ဆင်ထားပါတယ်။ Qualcomm Snapdragon 835 64-bit Octa-Core Processor မောင်းနှင်မှာ ဖြစ်ပါတယ်။ Android Nougat ကို Xiaomi MIUI 8 OS နဲ့ ပေါင်းစပ်ထားပါတယ်။ Internal Storage အပိုင်းမှာလည်း ရွေးချယ်စရာများစွာ ရှိပါတယ်။