5/12/2017

♪ “Facebook Live ကြောင့် အသက် မသေခဲ့တဲ့ မိန်းကလေး” ♫

Image may contain: text

အမေရိကန် ပြည်ထောင်စု ဂျော်ဂျီယာမှ ဆယ်ကျော်သက်အရွယ် မိန်းကလေး တစ်ဦးဟာကိုယ့်ကိုကိုယ့် သတ်သေမှုကို Facebook Live မှာထုတ်လွှင့်ခဲ့ ပေမယ့် သူမရဲ့ အကြံအစည် အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ အသက် ၁၅ နှစ် အရွယ် မိန်းကလေးဟာဆေးလုံးများသောက်ခဲ့ပြီးပလတ်စတစ်အိတ်ကို ခေါင်းမှာစွပ်တဲ့ ဗီဒီယိုကိုမေလ ၂ ရက်နေ့မှာ Facebook တွင် တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။ သူမရဲ့ သူငယ်ချင်းက ဗီဒီယိုကိုတွေ့ရှိပြီးနောက်မှာ ရဲထံအကြောင်းကြားခဲ့ပါတယ်။ ရဲများသူမနေအိမ် ရောက်လာချိန်မှာသတိလစ် နေပေမယ့် အသက်ကိုကယ်တင်လိုက်နိုင်ခဲ့ပါတယ်။

Facebook အပါအ၀င် လူမှုကွန်ရက်များဟာLive Video မှာ ပြသတဲ့ အရာများကိုထိန်းချုပ်ဖို့ နည်းပညာ လိုအပ်ချက်များရှိနေပါသေးတယ်။ Facebook က ကိုယ့်ကိုကိုယ် ထိခိုက်အောင် ပြုလုပ်မှု၊ သတ်သေမှုများကို အာရုံခံစစ်ဆေးတဲ့ ဆော့ဖ်ဝဲကို မကြာခင်ကအဆင့်မြှင့်ခဲ့ပါသေးတယ်။ ဆော့ဖ်ဝဲက ကိုယ့်ကိုကိုယ် သတ်သေမှုကိုအာရုံခံမိတာနဲ့ ပညာရှင်များနဲ့ ဆွေးနွေးနှစ်သိမ့်နိုင်ဖို့ အဲဒီလူကိုကူညီပေးမှာ ဖြစ်ပါတယ်။

Mark Zuckerberg က ဆော့ဖ်ဝဲ အပြင် လူများရဲ့ အားကိုအသုံးပြု၍ Live Video များကိုစောင့်ကြည့် စစ်ဆေးနေပါတယ်။ စီအီးအိုက ရာဇ၀တ်မှုနဲ့ ကိုယ့်ကိုကိုယ် သတ်သေမှုများပါတဲ့ Live Video များကိုစစ်ဆေးဖို့အတွက် ၀န်ထမ်း ၃၀၀၀ ကျော်ကိုခန့်အပ်မယ်လို့ ကြေညာထားပါတယ်။ မကြာခင် ကလည်းအသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက် ကိုယ့်ကိုကိုယ် သတ်သေတဲ့ Live Video ဟာ Facebook မှာ ၂ ပတ်ကြာတဲ့အထိရှိနေ ခဲ့ပါတယ်။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com