5/11/2017

♪ သစ်သားကိုယ်တည် နဲ့ ဖုန်း APOLLO ကို မျှော်လင့်စောင့်စားလျက်ရှိကြ ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/apollo_07.jpg?fit=800%2C495&ssl=1

ရုတ်တရက်ကြည့်ရင် ကားသော့လောက်သာ ရှိပြီး ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်း နဲ့ APOLLO 1 ကို အသစ်အဆန်း Gadget  ချစ်သူတွေသာမကဘဲ နည်းပညာရှင်တွေကပါ မျှော်လင့်စောင့်စားကာ စိတ်ဝင်စားလျက်ရှိနေကြတယ်လို့ သိရပါတယ်။

အခု အချိန်မှာ Concept အဆင့်သာ ရှိနေသေးပေမယ့် တခြား Concept တွေလို သုံးစွဲမယ့် Client နဲ့ အရမ်းကြီး ဝေးကွာသွားစေမယ့် မြင့်မားလွန်းပြီး အသုံးမ၀င်ဖြစ်စေမယ့် နည်းပညာတွေကို အတတ်နိုင်ဆုံး ရှောင်ရှားသွားမှာ ဖြစ်တယ် လို့ The APOLLO 1 smartphone ပရောဂျက် ရဲ့ ဖန်တီးသူ Varnicic Branislav က ပြောကြားပါတယ်။

အဲဒီအပြင် မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ခု က တော့ APOLLO 1 ဟာ သစ်သားကိုယ်ထည် နဲ့ ထုတ်လုပ်မယ် လို့ ဆိုထားတဲ့အတွက်ပဲ ဖြစ်ပါတယ်။  သစ်သားကိုယ်ထည် ဟာ သတ္တုတွေဘေးမှာ ဘောင်ကွပ်ထားတဲ့အတွက် ဆန်းသစ်လှပမှုကိုလည်း ခံစားရမှာ ဖြစ်သလို အတွင်းမှာ ပါဝင်တဲ့ အရောင် အာရုံခံစနစ်တွေ က Noti နဲ့ အလုပ်လုပ်မှာ ဖြစ်တဲ့အတွက် အချိန်တိုင်းမှာ ပြောင်းလဲဆန်းသစ်နေစေမယ့် တီထွင်မှုတစ်ခုလည်း ဖြစ်လာပါတယ်။

လက်ရှိမှာ ရရှိတဲ့ သတင်းတွေ အရဆိုရင်တော့ APOLLO 1 မှာ ပါဝင်ဖွဲ့စည်းမယ့် Specs တွေ က AMOLED Quad HD ၄.၀ လက်မ မျက်နှာပြင် ၊ Quad-Core 2.8 Ghz ပရိုဆက်ဆာ ၊ 64 GB သိုလှောင်နိုင်စွမ်းအား၊ MicroSD ပေါက် ၊ DDR4 4GB RAM, 12 Megapixel ကင်မရာတွေကို Apollo 1 ရဲ့ ကိုယ်ပိုင် OSတွေနဲ့ အလုပ်လုပ်စေမှာ ဖြစ်တယ် လို့ သိရပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com