5/12/2017

♪ “Sony Xperia XZ” တန်ဖိုးမှာ ၇၃၀,၀၀၀/- ကျပ် ၀န်းကျင် ရှိ ♫

Image may contain: 1 person, standing and text

Sony ဟာ XZs နှင့် XZ Premium တို့ကို ၂၀၁၇ အစောပိုင်းရဲ့ စွမ်းရည် ကောင်းမွန်သောထိပ်တန်းဖုန်းများအဖြစ် မိတ်ဆက်ထုတ်လုပ်ထားပါတယ်။ XZs ရဲ့မျက်နှာပြင်အကျယ်အ၀န်းဟာ 5.2 inches ရှိပြီး 1080x1920 pixels ပမာဏပါရှိပါ တယ်။ အဓိက,ကင်မရာဟာ 19MP, f/2.0 စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 13MP, f/2.0 စွမ်းရည်ရှိပါတယ်။ RAM ပမာဏကို 4GB ထည့်သွင်းပေးထားပြီး Android 7.1 သုံးစွဲနိုင်မယ့်ဖုန်းဖြစ်ပါတယ်။ XZs ရဲ့ ဘက်ထရီစွမ်းအားကတော့ Li-Ion 2900mAh ဖြစ်ပြီး Quick Charge 3.0 စနစ်လည်း ပါရှိပါတယ်။ ရေစိုခံဖုန်းများကိုထုတ်လုပ်သည့်နာမည်ကျော် အမှတ်တံဆိပ် တစ်ခုအဖြစ် Sony ဟာထင်ရှားပါတယ်။ Sony ရဲ့ XZs ဟာလည်း IP 68 အသိအမှတ်ပြုထားသောကြောင့် ရေအနက် ၁.၅ မီတာတွင် မိနစ် ၃၀ နီးပါး ရေစိမ်ခံနိုင်စွမ်းရှိပါတယ်။ XZ Premium ဟာ မျက်နှာပြင် အကျယ်အ၀န်း 5.46 inches ရှိသောကြောင့် ကိုယ်ထည်အရွယ်အစား အနည်းငယ်ကြီးမားသော ဟန်းဆက်ဖြစ်ပါတယ်။ ဖုန်း၏မျက်နှာပြင်ဟာ ကြည်လင်ကောင်းမွန်သော ပုံရိပ်များကိုပေးစွမ်းနိုင်စေရန် 3840x2160 pixels ပမာဏထောက်ပံ့ပေးထားပါတယ်။ ppi သိပ်သည်းဆကတော့ 807 ပါ။ မျက်နှာပြင်အကြမ်းခံနိုင်သော ဖုန်းကောင်းတစ်လုံးဖြစ်စေဖို့အတွက်လည်း Gorilla Glass 5 တပ်ဆင်ပေးထားပါတယ်။ XZ Premium ဟာလည်း IP 68 အသိအမှတ်ပြုထားသောကြောင့် ရေစိုခံနိုင်သော ဖုန်းဖြစ်ပါတယ်။

XZ Premium ရဲ့ အဓိက, ကင်မရာက 19MP စွမ်းရည်ရှိကာ ရှေ့ကင်မရာ ငယ်ကတော့ 13MP စွမ်းရည်ဖြစ်ပါတယ်။ Bluetooth Version 5.0 အထောက် အပံ့ပေးမယ့် ဖုန်းဖြစ်ပါတယ်။ ROM 64GB နှင့် RAM 4GB ပါရှိသောကြောင့် အချက်အလက်များစွာကိုသိမ်းဆည်းနိုင်ပါမယ်။ ဘက်ထရီအမျိုးအစား ကတော့ Li-Ion 3230mAh ဖြစ်ပါတယ်။ Sony ရဲ့ XZ ကတော့ ၂၀၁၆ ခုနှစ် အောက်တိုဘာလက ထုတ်လုပ်ပေးထားခြင်းဖြစ်ပြီး ဖုန်းရဲ့ပုံသဏ္ဌာန်ကတော့ Sony ဖုန်းများရဲ့ ထုံးစံအတိုင်း လေးထောင့်ကျကျအသွင်ဒီဇိုင်းရှိပါ တယ်။ ဖုန်းရဲ့အနောက်ဘက်ကင်မရာကို ထောင့်စွန်းတွင် အ၀ိုင်းပုံစံတပ်ဆင် ပေးထားပြီး ကင်မရာ၏အောက်ဘက်တွင် Flash မီးကို ထည့်သွင်းပေးထား ပါတယ်။ အသုံးပြုနိုင်မယ့် Network အမျိုးအစားကတော့ 2G, 3G, 4G ဖြစ်ပါတယ်။ ဆင်းကတ် တစ် ကတ်သုံးနှင့် နှစ်ကတ်သုံးဆိုပြီးတော့လည်း ထုတ်လုပ်ပေးထားပါတယ်။ အသုံးပြုနိုင်မယ့် ဆင်းကတ်ကတော့ Nano Sim ဖြစ်ပါ တယ်။ ဖုန်းကိုယ်ထည်အရွယ်အစားပမာဏကတော့ 146 x 72 x 8.1mm ရှိကာ အလေးချိန်မှာ 161g ဖြစ်ပါတယ်။ XZ သည် လည်း IP 68 အသိအမှတ်ပြုခံထားရသောကြောင့် ရေနှင့် ဖုန်၊ သဲဒဏ်ကို ခံနိုင်စွမ်းရှိပါ တယ်။ ရေအနက် 1.5m တွင် မိနစ် ၃၀ နီးပါးရေစိမ်ခံနိုင်စွမ်းရှိပါတယ်။

ဖုန်းမျက်နှာပြင်အတွက် IPS LCD Capacitive Touchscreen ကို အသုံးပြု ပေးထားပါတယ်။ မျက်နှာပြင်အကျယ်အ၀န်းကတော့ 5.2 inches ရှိပါတယ်။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသော pixels ပမာဏကတော့ 1080x1920 ဖြစ်ပါတယ်။ တစ်လက်မမှာရှိမယ့် pixel ပမာဏသိပ်သည်းဆ ကတော့ 424ppi ပါ။ Multitouch စနစ်တွင် လက်ချောင်းများစွာ အသုံးပြုနိုင် ပါမယ်။ ဖုန်းကိုကြည့်ရှုအသုံးပြုတဲ့အခါတွင် ကောင်းမွန်လှပသောပုံရိပ်များကို ပေးစွမ်းနိုင်စေရန် X Reality Engine နှင့် Triluminos Display ထည့်သွင်း ပေးထားပါတယ်။ XZ ဟာ ဓာတ်ပုံရိုက်ကူးမှုအပိုင်းတွင် ကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်သော ဖုန်းတစ်လုံးဖြစ်ပါတယ်။ အဓိက,ကင်မရာဟာ 23MP, f/2.0 စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 13MP, f/2.0 စွမ်းရည်ရှိပါ တယ်။ ဓာတ်ပုံရိုက်ကူးနိုင်မှုနဲ့ ဆက်စပ်ပတ်သက်သော စနစ်များဖြစ်သည့် Face Detection and Laser Auto Focus, HDR, Panorama စသည်တို့ကို အသုံးပြုနိုင်ပါမယ်။ ဗီဒီယိုရိုက်ကူးနိုင်မှု သုံးမျိုးသုံးစားရှိပါတယ်။ 2160p, 1080p (30fps, 60fps) စသည်တို့ဖြင့် ကြိုက်နှစ်သက်ရာနဲ့ ရိုက်ကူးနိုင်ပါ တယ်။ အသံပိုင်းတွင်လည်း 24-Bits/192kHz Audio နှင့် Active Noise Cancellation with dedicated mic စနစ်တို့ပါရှိပါတယ်။ RAM ကို 3GB ထည့်သွင်းပေးထားပါတယ်။ ဖုန်း တွင်းမှတ်ဥာဏ်ပမာဏအနေဖြင့် 32 နှင့် 64GB ဆိုပြီး နှစ်မျိုးနှစ်စားပါရှိပါတယ်။ CardSlot စနစ်ကိုသုံး၍လည်း အချက်အလက် အများအပြားသိမ်းဆည်းနိုင်ပါသေးတယ်။

ထည့်သွင်းပေးထားသော Android Version ကတော့ MarshMallow ဖြစ်ပြီး Nougat ကိုလည်း အဆင့်မြှင့်တင်သုံးစွဲနိုင်ပါမယ်။ ပါရှိသော Chipset အမျိုးအစားကတော့ Qualcomm Snapdragon 820 ပါ။ CPU ရဲ့ စွမ်းရည်မှာ Quad Core (2x2.15GHz Kryo & 2x1.6GHz Kryo) ဖြစ်ပါတယ်။ GPU မှာ Adreno 530 ပါ။ Bluetooth Version ကတော့ 4.2 ဖြစ်ပြီး NFC စနစ်လည်း ပါရှိပါတယ်။ Fingerprint စနစ်ကို အသုံးပြုနိုင်မယ့် ဖုန်းဖြစ်ကာ အခြားသော Sensor စနစ်များစွာလည်း ထည့်သွင်းပေးထားပါတယ်။ အားသွင်းအသုံးပြုနိုင် မယ့် ဘက်ထရီ အမျိုးအစားမှာ Li-Ion 2900mAh ဖြစ်ပါတယ်။ 3G Network တွင် စကားပြောဆိုဖို့ ၁၇ နာရီနီးပါး ခံနိုင်စွမ်းရှိမှာဖြစ်ပါတယ်။ ဘက်ထရီ အားသွင်း မြန်ဆန်သော စနစ်လည်း ပါရှိပါတယ်။ ဖုန်းကို အရောင် ၄ မျိုးဖြင့် ထုတ်လုပ်ပေးထားပါတယ်။ ဖုန်းရဲ့ တန်ဖိုးမှာ ၇၃၀,၀၀၀/- ကျပ် ၀န်းကျင် ရှိပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com