3/01/2017

♪ “Sony Xperia XA Ultra” Price - 389,000 Ks ♫

Image may contain: phone

Screen Size ကြီးကြီး ကိုင်ဆောင်အသုံးပြုချင်သူများအတွက် Xperia XA Ultra Smart Phone ဟာ သင့်လျော်ပါတယ်။ ပိုမိုထူးခြားသွားသည့် အချက်များမှာ Screen Size ပိုမိုကြီးမားလာခြင်းနှင့် ကင်မရာပိုင်းတွင် ပိုမိုအားသာ လာခြင်းကြောင့် ဓာတ်ပုံ၊ ဗီဒီယိုများကို FHD အပြည့်ဖြင့် စိတ်တိုင်းကျရိုက်ကူး နိုင်မှာဖြစ်ပါတယ်။

ဘက်ထရီပိုင်းမှာလည်း 2700 mAh ရှိသော Li-ion ကို သုံးပေးထားတဲ့အတွက် internet အသုံးပြုခြင်း၊ စာဖတ်ခြင်း တို့ကို အချိန်ကြာကြာအသုံးပြုနိုင် မှာဖြစ် ပါတယ်။ ဖုန်းမျက်နှာပြင်မှာ ဘေးဘောင်မဲ့ဖြစ်သောကြောင့် အရည်အသွေးကောင်းမွန်သော ဗီဒီယို၊ ဂိမ်းများကို မျက်နှာပြင် အပြည့်ဖြင့် ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ Screen Size 6.0" နှင့် Resolution (1920x1080) FHD IPS LCD Capacitive Touch Screen ကို အသုံးပြုပေးထားသည့်အပြင် Sony ရဲ့ ကိုယ်ပိုင်နည်းပညာ ဖြစ်သော Mobile BRAVIA engine 2, Super Vivid mode တို့ကိုပါ ထပ်မံပေါင်းစပ်အသုံးပြု ပေးထားတဲ့အတွက် ဗီဒီယို၊ ဓာတ်ပုံများကို တကယ့်သဘာဝအတိုင်း အနီးစပ်ဆုံး အရောင်ကာလာ စိုစိုပြည်ပြည်နှင့် ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ ကိုယ်ထည်ပိုင်းကို အစင်းရာ၊ အခြစ်ရာများ မဖြစ်ပေါ်စေနိုင် အောင် scratch-resistant glass ဖြင့် ဖုံးအုပ်ပေးထား ပါတယ်။ CPU ပိုင်းမှာလည်း 64-bit Octa Core ကို အသုံးပြုပေးထားတဲ့ အတွက် လုပ်ဆောင်ချက်တွေ မြန်ဆန်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။

အချက်အလက်များကို သိုလှောင်သိမ်းဆည်းထားရန် 16GB ထည့်သွင်းပေး ထားပြီး ထပ်မံတိုးချဲ့လိုပါက 256GB အထိ တိုးချဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အချက်အလက်များကို လျင်မြန်စွာ ကူးပြောင်းရန် RAM 3GB ကို အသုံးပြု ပေးထားပါတယ်။ ကင်မရာပိုင်းမှာလည်း ဖုန်း၏ဘေးဘောင်အောက်ခြေတွင် ကင်မရာတိုက်ရိုက်အသုံးပြုနိုင်သောခလုတ် (Quick Launch Button) ပါဝင်သဖြင့် Application ထဲမှတစ်ဆင့်သွားနေစရာ မလိုဘဲ တိုက်ရိုက် အသုံးပြု နိုင်မှာဖြစ်ပါတယ်။ အနောက်ကင်မရာကို 21.5MP ကို သုံးပေးထား သဖြင့် အမှတ်တရဓာတ်ပုံများကို အရည်အသွေး ကောင်းကောင်းနှင့် ရိုက်ကူးနိုင်မှာဖြစ်သည့်အပြင် LED Flash ပါ ထည့်ပေးထားသဖြင့် မှောင်မိုက် သောနေရာများ တွင်ပါ အလင်းအားပေး၍ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။


အရှေ့ကင်မရာတွင် 16MP ကို အသုံးပြုပေးထားသဖြင့် Selfie ရိုက်ကူးသူများ အနေဖြင့်လည်း ရွှန်းစိုတောက်ပသော ပုံရိပ်များကို အရည်အသွေး ကောင်းကောင်းနှင့် ရိုက်ကူးနိုင်သည့်အပြင် 1080p အရည်အသွေးရှိ ဗီဒီယိုဖိုင်များကိုပါ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Android OS မှာလည်း 6.0 Os (Marshmallow) အမျိုးအစားကို ထည့်သွင်းမောင်းနှင်ပေးထားပါတယ်။ 4G LTE ကိုထောက်ပံ့ပေးထားပြီး GSM/WCDMA ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်သော ဖုန်းအမျိုးအစားဖြစ်ပါတယ်။



<Specification>

Network - GSM/HSPA/LTE
Processor - Octa Core
Screen - 6 inches
Camera - 21.5 MP
Bluetooth - v4.1
Storage - 16GB
OS - Android OS, v6.0.1
Contact - 01-381035

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com