3/21/2017

♪ “Xiaomi က Mi Mix ကိုတရုတ်ပြင်ပတွင် ရောင်းပြီ” ♫

Image may contain: phone and text

Xiaomi က ဟိုချီမင်းစီးတီးမှာကျင်းပတဲ့ ပွဲမှာမတ်လ ၂၂ ရက်နေ့ကစတင်၍ Mi Mix ကိုဗီယက်နမ် မှာရောင်းချပေးမယ်လို့ ကြေညာလိုက်ပါတယ်။ ဗီယက်နမ် မှာစမတ်ဖုန်းရောင်းချသူDigiworld က ရောင်းချမှုကိုကိုင်တွယ်မှာ ဖြစ်ပါ တယ်။ Mi Mix အပြင် Redmi Note 4 ,Redmi 4A နဲ့ Power Bank များကို လည်းဗီယက်နမ်တွင်ရောင်းချပေးမှာ ဖြစ်ပါတယ်။

ဘေးဘောင်မဲ့ ဒီဇိုင်းMi Mix စမတ်ဖုန်းကိုယူအေအီးမှာရောင်းချပေးမယ်လို့ လွန်ခဲ့တဲ့ တစ်လနီးပါးအကြာက Xiaomi ကကြေညာခဲ့ပါသေးတယ်။ ယူအေအီးမှာလည်းမတ်လအတွင်းမှာပဲရောင်းချပေးမှာ ဖြစ်ပါတယ်။ Mi Mix မှာ ၆.၄ လက်မ 1080x2040Pixels Display , Qualcomm Snapdragon 821 Chipset, 16MP Rear Camera, 5MP Front Camera များတပ်ဆင်ထား ပါတယ်။


128GB/4GB or 256GB/6GB မော်ဒယ်များရွေးချယ်နိုင်ပါတယ်။ 4400mAh Battery ပါရှိပါတယ်။ အခြားနိုင်ငံများမှာရောင်းချမယ့် သတင်းကို Xiaomi ကပြောကြားခြင်းမရှိသေးပါဘူး



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com