3/31/2017

♪ “Facebook Messenger မှာ တည်နေရာကို စဉ်ဆက်မပြတ် မျှဝေနိုင်ပြီ” ♫

Image may contain: phone

Google က ယခင်အပတ်မှာ Maps တွင် သင့်ရဲ့ တည်နေရာကို သူငယ်ချင်း၊ မိသားစုဝင်များနဲ့ စဉ်ဆက်မပြတ် မျှဝေနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်း ပေးခဲ့ပါတယ်။ အခုတော့ Facebook ကလည်း အားကျမခံ အဲဒီလို စွမ်းဆောင်ချက်မျိုးကို Messenger မှာ ထည့်သွင်းပေးလိုက်ပါတယ်။

Facebook Messenger မှာ သင့်ရဲ့ တည်နေရာကို သင်နှစ်သက်တဲ့ သူငယ်ချင်းများနဲ့ တစ်နာရီကြာအထိ မြေပုံမှာ မျှဝေနိုင်မှာ ဖြစ်ပါတယ်။ Group Chat များမှာလည်း တည်နေရာကို မျှဝေနိုင်ပါတယ်။ တည်နေရာ မျှဝေမှုကို အချိန်မရွေး ရပ်တန့်နိုင်ပါတယ်။ တည်နေရာ မျှဝေထားတဲ့ ကြာမြင့်ချိန်ကိုလည်း ပြသထားမှာ ဖြစ်ပါတယ်။

သင့်ရဲ့ တည်နေရာကို မျှဝေထားချိန်မှာ သင်နဲ့ သင် မျှဝေထားတဲ့ သူငယ်ချင်း များက သင့်ရဲ့ သူငယ်ချင်းများထံ ကားဖြင့် သွားလျှင် ကြာမြင့်မယ့် အချိန်ကို လည်း ပြသထားမှာ ဖြစ်ပါတယ်။ သင့်ရဲ့ တည်နေရာ မဟုတ်ဘဲ အခြား တည်နေရာတစ်ခုကို မြေပုံမှာ သူငယ်ချင်းများနဲ့ မျှဝေချင်ရင်လည်း ပြုလုပ် နိုင်ပါတယ်။ ဒီလိုပြုလုပ်ဖို့အတွက် Location Pin ကို နှိပ်ပြီးရင် Share Live Location အစား ညာဘက်အပေါ်ထောင့်မှ အနီရောင် ပင်အပ်ကို နှိပ်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ မျှဝေချင်တဲ့ တည်နေရာကို ရှာဖွေပြီး Pin ကို မြေပုံမှာ ချပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် Send Button ကို နှိပ်ရမှာ ဖြစ်ပါ တယ်။

ဒီစွမ်းဆောင်ချက် အသစ်ကို Android နဲ့ iOS တို့အတွက် တစ်ကမ္ဘာလုံးမှ Facebook Messenger Users များထံ တဖြည်းဖြည်းချင်း ဖြန့်ချိပေးနေပါ တယ်။ သင့်ထံမှာ ဒီစွမ်းဆောင်ချက် မရသေးရင် စောင့်ဆိုင်းရဦးမှာ ဖြစ်ပါ တယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com