အူရီဒူးမြန်မာအနေဖြင့် Ooredoo on the move အစီအစဉ်ဖြင့် ဆင်းကတ် မှတ်ပုံတင်နိုင်မည့်နည်းလမ်းများ တိုးမြှင့်လုပ်ဆောင်လျက်ရှိ ရာ Live chat မှတစ်ဆင့်လည်း မှတ်ပုံတင်နိုင်ပြီဖြစ်ကြော င်း သိရသည်။ ဒီဂျစ်တယ် စနစ်ဖြင့် ကိုယ်တိုင်ဆင်းကတ်မှတ်ပုံတင်နိုင်မည့်နည်းလမ်း ၆ မျိုးပြုလုပ်ပေးထားခြင်း ဖြစ်ပြီး SMS နှင့် E-Mail၊ Facebook Messenger၊ My Ooredoo အက်ပလီ ကေးရှင်း Live Chat နှင့် အူရီဒူး Website Live Chat အစရှိသည်ဖြင့် ကိုယ်တိုင်အလွယ်တကူမှတ်ပုံတ င်နိုင်မည်ဖြစ်သည်။
အူရီဒူး Website သို့ ဝင်ရောက်ပြီး Live chat မှတစ်ဆင့်ဆင်းကတ်မှတ်ပုံတင် ပြုလုပ်နိုင်သကဲ့သို့
reg@ ooredoo.com.mm သို့ အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ်နှင့်
မှတ်ပုံတင်အရှေ့အနောက် ရိုက်ကူးထားသောဓာတ်ပုံတို့ကို
အီးမေးပေးပို့၍ လည်း ပြုလုပ်နိုင်ရန် စီစဉ်ပေးထားပါသည်။
အူရီဒူးမြန်မာအဖွဲ့သားများ အနေဖြင့် "Ooredoo on the Move" ဆင်းကတ်မှတ်
ပုံတင်ခြင်း အစီအစဉ်ကို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊
မကွေးနှင့်ဧရာဝတီ ဒေသကြီးများအပါအဝင် ရှမ်း၊ ကရင်၊ ရခိုင်ပြည်နယ် တို့တွင်
အူရီဒူးဆင်းကတ်များအဆင်ပြေစွာ အခမဲ့မှတ်ပုံတင်နိုင်ရန်အတွ က် ကူညီဆောင်ရွက်ပေးလျက် ရှိပါသ ည်။
အခမဲ့စာတိုပေးပို့ခြင်းဖြင့် 
မှတ်ပုံတင်ရန်အတွက် reg ဟု ရိုက်နှိပ် ပြီး ၆၆၆ သို့ပေးပို့ပြီး ၄င်း
USSDမှပြန်လည်ပေးပို့လာသော မေးခွန်းများကိုဖြေကြား၍
အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ပေးအပ်ခြင်းဖြင့်လည်း ဆင်းကတ်မှတ်ပုံတင်နိုင်မည်ြ ဖစ်ပါသည်။ အူရီဒူးသုံးစွဲသူများအနေဖြင့် မိမိတို့၏ အူရီဒူး ဆင်းကတ်မှတ်ပုံတင်ခြင်းအတွက် အူရီဒူး Website www.ooredoo.com.mm တွင်ဆင်းကတ် မှတ်ပုံတင်သွင်း ခြင်း banner ကိုနှိပ်၍လည်းကောင်း၊ Website သို့ဝင်ရောက်လျှင်တွေ့ရှိမည့် countdown pop-up ကိုနှိပ်၍သော်လည်းကောင်း၊ ဆင်းကတ်မှတ်ပုံတင်နိုင်မည့် Website စာမျက်နှာသို့ လည်းကောင်း ဝင်ရောက် ကာဆင်းကတ်မှတ်ပုံတင်နိုင်မည် ဖြစ်သည်။ ဆင်းကတ်မှတ်ပုံတင်ပြီးပါက အချိန်တစ်ပတ် အတွင်းမိမိဆင်း ကတ် မှတ်ပုံတင်ခြင်း အောင်မြင်မှုရှိမရှိ *666# သို့ဖုန်းခေါ်ဆိုပြီး စစ်ဆေးနိုင် ကြောင်း အူရီဒူးမှထုတ်ပြန်ထားပါသည်။
ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
အူရီဒူး Website သို့ ဝင်ရောက်ပြီး Live chat မှတစ်ဆင့်ဆင်းကတ်မှတ်ပုံတင်
အခမဲ့စာတိုပေးပို့ခြင်းဖြင်
ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/
www.pyaephyo.com