3/21/2017

♪ “Gionee Marathon M5” ♫

Image may contain: phone

ပြည်တွင်းဈေးကွက်မှာ ရောင်းချနေတဲ့စမတ်ဖုန်းတွေထဲမှာGionee စမတ်ဖုန်း တွေဟာလည်းဘက်ထရီလုပ်ဆောင်ချက်ပိုင်းနဲ့ပတ်သက်လို့သုံးစွဲသူအခိုင် အမာရရှိထားပါတယ်။အခုဖော်ပြပေးမယ့်စမတ်ဖုန်းလေးကတော့ဘက်ထရီ စွမ်းဆောင်ချက်အပိုင်းမှာအလုံး စုံကောင်းမွန်မှုရှိတဲ့အပြင်အခြား စွမ်းဆောင်ချက် ပိုင်းတွေမှာလည်း ပြည့်စုံအောင်ထည့်သွင်းပေးထား ပါတယ်။ Marathon M5 ရဲ့မျက်နှာပြင်အရွယ်အစားကိုကြည့်လိုက်မယ်ဆိုရင်လည်း ၅လက်မခွဲကျော်ကိုခံစားရမှာဖြစ်ပါတယ်။ နောက်ဆုံးပေါ်စမတ်ဖုန်းဖြစ်တာ နဲ့အညီလုပ်ဆောင်ချက်တွေကလည်း ကောင်းမွန်ပြီးလက်ရှိအချိန်မှာ လူကြိုက်များစေမယ့် 
ဘက်ထရီစွမ်းဆောင်ချက် တွေကင်မရာစွမ်းဆောင်နိုင်မှု တွေကိုထည့်သွင်း ပေးထားပါတယ်။စမတ်ဖုန်းတစ်လုံး အတွက်မျက်နှာပြင် ဖော်ပြနိုင်စွမ်းဟာအရေးကြီးလှပါတယ်။ကြည်လင်ပြတ်သားတဲ့ ပုံရိပ်ဖော်ပြနိုင် စွမ်းရရှိမှသာဂိမ်းတွေဆော့ကစားတာ၊ရုပ်ရှင်ကားတွေကြည့်တဲ့အချိန်မှာ စိတ်ချမ်းသာစေမှာပါ။ဒါကြောင့် Marathon M5 မှာမျက်နှာပြင်ပုံရိပ်ဖော်ပြမှု ကိုအကောင်းဆုံးစွမ်းဆောင်ပေးနိုင်မယ့်(720 x 1280 pixels) ကို ပေးစွမ်း ထားပါတယ်။Display ကတော့AMOLED ဖြစ်ပြီး၅.၅လက်မမျက်နှာပြင်မှာ ပုံရိပ်တွေကိုအသေးစိတ်မြင်တွေ့နိုင်ဖို့267ppi နဲ့ထောက်ပံ့ပေးထားပါတယ်။

Black screen အပြည့်သုံးစွဲတာဖြစ်ပြီး၆လက်မအပြည့်ကိုသုံးစွဲနိုင်မှာဖြစ်ပါ တယ်။အလင်းရောင်တိုက်ရိုက်ကျတဲ့ နေရောင်ထဲမှာဖုန်းကိုအသုံးပြုရင် တောင်မှမြင်ကွင်းတွေကိုအနှောင့်အယှက်မဖြစ်ဘဲကြည့်နိုင်ပါလိမ့်မယ်။ M Series တွေဟာ ဘက်ထရီသက်တမ်းတာရှည်ခံနိုင်ဖို့ကိုဦးတည် ထုတ်လုပ် ထားတာဖြစ်ပြီးယခုဖုန်းမှာတော့6020mAh စွမ်းအားကို ပေးစွမ်းထားပါ တယ်။Dual Battery Cell အမျိုးအစားဖြစ်ပြီးလုံခြုံရေးပိုင်းဆိုင်ရာမှာလည်း ပြည့်စုံပါတယ်။သူ့ရဲ့ ပေါင်းစပ်မှုကတော့3010mAh ရှိတဲ့ဘက်ထရီနှစ်လုံးကို ပေါင်းစပ်ပေးထားတာပါ။ဖုန်းရဲ့ဘက်ထရီသက်တမ်းဟာသာမန်သုံးစွဲမယ့် သူတွေအတွက်၎ရက်တိတိတာရှည်ခံနိုင်စွမ်းရှိပြီးအမြဲမပြတ်ဂိမ်းဆော့တာ တီဗီကြည့်တာတွေကိုပြုလုပ်နေသူတွေအတွက်ကတော့၂ရက်ကြာခံနိုင်စွမ်းရှိမှာဖြစ်ပါတယ်။ဘက်ထရီအားသွင်းတဲ့စနစ်ကလည်း မြန်ဆန်ပြီးသူ့ရဲ့ အားသွင်းတဲ့စနစ်ဟာ၁၀မိနစ်ကြာအားသွင်းရုံနဲ့၇၅နာရီနှင့်၆၇မိနစ်ကြာ စွမ်းအားကိုရရှိစေမှာဖြစ်ပါတယ်။စမတ်ပါဝါနည်းပညာကိုသုံးစွဲထားတာ ကြောင့်M5 စမတ်ဖုန်းဟာအခြားမိုဘိုင်းဖုန်းနှစ်လုံးကိုပါ တစ်ပြိုင်နက်တည်း အားပြန်လည်ဖြည့်သွင်းပေးနိုင် မှာဖြစ်ပါတယ်။အာရှနိုင်ငံတွေအတွက် ဦးတည်ပြီးထုတ်လုပ်လိုက်တဲ့စမတ်ဖုန်းဖြစ်တာကြောင့်မိုဘိုင်း ကွန်ရက် ပေါင်းများစွာမှာဝင်ရောက်သုံးစွဲနိုင်မှာဖြစ်ပါတယ်။M5 ရဲ့နောက်ထပ် လုပ်ဆောင်ချက်ကတော့ Smart Power Consumption ဖြစ်ပြီးဖုန်းရဲ့ မလိုအပ်တဲ့Application သုံးစွဲမှုတွေ၊Dataသုံးစွဲမှုတွေကိုလျှော့ချပေးမှာဖြစ်ပါ တယ်။

Extreme Mode ကိုသာသုံးစွဲမယ်ဆိုရင်ဘက်ထရီ၅ရာခိုင်နှုန်းရှိနေတဲ့ အခြေအနေ ဟာအသင့်အနေအထားအတွက်၆၂နာရီကြာခံနိုင်ရည်စွမ်းရှိမှာ ဖြစ်ပါတယ်။တရုတ်နိုင်ငံထုတ်စမတ်ဖုန်းတွေမှာထူးခြားချက်တစ်ခုရှိပါတယ်။အဲဒါကတော့ဖုန်းရဲ့UI နဲ့ပတ်သက်လို့သူမတူတဲ့ပုံစံနဲ့ထုတ်လုပ်တာပါ။ အနီးစပ်ဆုံး ပြောရမယ်ဆိုရင်အခြားထုတ်လုပ်သူတစ်ဦးဖြစ်တဲ့OPPO ဆိုရင် သူ့ရဲ့ကိုယ်ပိုင်ဆန်းသစ်ထားတဲ့Color OS မှာgesture mode တွေသုံးနိုင် အောင် ပြုလုပ်ပေးထားပါတယ်။

Xiaomiဆိုရင်လည်းMIUI ဟာiOS နဲ့အလားသဏ္ဌာန်တူတယ်လို့ဆိုပါ တယ်။အခုGionee ကလည်းသူ့ဆီကထုတ်တဲ့ဖုန်းတွေမှာသုံးနေကျ အတိုင်း Amigo ကိုထည့်သွင်းထားပါတယ်။3.1UI ကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။ Accelerometer, gyro, proximity, compass ဆိုတဲ့Sensor 4 မျိုးကိုသုံးနိုင် မှာဖြစ်ပြီးUIအသစ်ရဲ့ ထောက်ပံ့ပေးမှုတွေကိုသုံးနိုင်မှာပါ။UIအသစ်မှာ လုံခြုံရေး ဆိုင်ရာလုပ်ဆောင်ချက်တွေကိုပါ ထောက်ပံ့ပေးလာမှာပါ။Privacy protectionလုပ်ဆောင်ချက်၅ခုကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။အသံပိုင်းဆိုင်ရာ အတွက်ဆိုရင်ကြည်လင်ပြတ်သားတဲ့ အသံစွမ်းဆောင်ရည်ကိုရရှိနိုင်စေဖို့ အတွက်HiFi, smart PA, DTS အသံစနစ်တွေကိုရရှိနိုင်မှာဖြစ်ပါတယ်။ အခုဆိုရင် ဖုန်းများရဲ့ထပ်တိုးလုပ်ဆောင်ချက်တွေထဲမှာကင်မရာကိုပါ ထည့်သွင်းလာကြပါပြီ။စမတ်ဖုန်း ကိုနေရာအစုံယူဆောင်သွားလို့ရနိုင်တာ ကြောင့်ကင်မရာဟာအပျော်တမ်းဓာတ်ပုံရိုက်လို့ရတဲ့အသေးစားကင်မရာ လောက်တော့ ကောင်းဖို့လိုအပ်ပါတယ်။အဓိကကင်မရာဟာ13MP ဖြစ်ပြီး၊ ဓာတ်ပုံတွေရိုက်ကူးမယ်ဆိုရင်4128 x 3096pအရည်အသွေးရရှိနိုင်မှာဖြစ်ပြီး HDR mode သုံးပြီးရိုက်မယ်ဆိုရင်တော့စိုပြည်ပြီးအရောင်စိုတဲ့ပုံတွေကို ရပါလိမ့်မယ်။Video ရိုက်မယ်ဆိုရင်တော့1080p@30fps ရရှိနိုင်မှာပါ။ မြင်ကွင်းကျယ်ဓာတ်ပုံရိုက်ကူး လိုသူတွေအတွက်ကတော့Panorama သုံးစွဲနိုင် ပါလိမ့်မယ်။သူငယ်ချင်းတွေနဲ့အုပ်စုလိုက်selfie ရိုက်ကူးလိုသူတွေအတွက် ကတော့5MP ကင်မရာကိုသုံးစွဲနိုင်ပါလိမ့်မယ်။စမတ်ဖုန်းတစ်လုံး (သို့) မိုဘိုင်း device တစ်ခုအတွက်လုပ်ဆောင်နိုင်စွမ်းတွေကိုလွယ်လင့်တကူ နေရာဒေသ မရွေးသုံးစွဲနိုင်စေအောင်ကူညီပေးမှာကတော့သူ့မှာထည့်သွင်းတည်ဆောက်ထားတဲ့Hardware ပါပဲ။

Gionee M5 မှာQuad-core 1.3 GHz ပရိုဆက်ဆာကိုသုံးစွဲနိုင်မှာဖြစ်ပါ တယ်။RAM ကတော့2GB ထောက်ပံ့ပေးထားပါတယ်။အချက်အလက်တွေ သိုလှောင်သိမ်းဆည်းထားနိုင်ဖို့ အတွက်ကလတ်တလောထွက်ရှိထားတဲ့ စမတ်ဖုန်းတွေကိုယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့16GB သိုလှောင်မှုပမာဏကိုသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ဖုန်းရဲ့သိုလှောင်နိုင်စွမ်းကိုထပ်မံလိုအပ်တယ်ဆိုရင်တော့SD card သုံးပြီးတော့64GB လက်ခံနိုင်စွမ်းရှိမှာဖြစ်ပါတယ်။သူ့ရဲ့အထူကလည်း 8.5mm သာရှိမှာဖြစ်တာကြောင့်လက်ထဲမှာပေါ့ပါးစွာကိုင်တွယ်နိုင်မှာဖြစ်ပါ တယ်။Mediatek MT6735 SoC ဟာဖုန်းရဲ့လုပ်ဆောင်ချက်တွေကို ပေါ့ပါးစွာ စွမ်းဆောင်ပေးဖို့အတွက် ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ဂရပ်ဖစ်ပိုင်း အတွက် လည်း ပြည့်စုံတဲ့လုပ်ဆောင်ချက်တွေကိုစွမ်းဆောင်ပေးဦးမှာပါ။
ဒီနေ့ကျွန်တော်တို့သုံးနေတဲ့စမတ်ဖုန်းတွေမှာစိတ်ပူနေရတဲ့ကိစ္စကတော့ ဘက်ထရီတွေအလွယ်တကူအားကုန်မြန်တာပဲဖြစ်ပါတယ်။ဒါကို ဖြေရှင်းဖို့ အတွက်နည်းလမ်းတွေစဉ်းစားရပါမယ်။အဲဒါကတော့Power Bank သုံးစွဲဖို့နဲ့၊ အားသွင်းတာမြန်တဲ့ပုံစံမျိုး ကိုရှာရတာပါပဲ။အားအကုန်မြန်တဲ့ဖုန်းတွေအတွက်Power bank တွေလိုအပ်တယ်ဆိုပေမယ့်အမြဲတမ်းကြီး သွားလေရာ ယူသွားလို့ မဖြစ်နိုင်ပါဘူး။ဒါကြောင့်Gionee စမတ်ဖုန်းထုတ်တဲ့သူတွေဟာ နည်းလမ်းတစ်ခုကိုစဉ်းစားပြီးတော့ နောက်ဆုံးပေါ်ဖုန်းတစ်လုံးကိုထုတ်လုပ် ပေးလိုက်တာဖြစ်နိုင်ပါတယ်။

မျိုးဆက်သစ်M series ဟာSuper battery, Low power consumption, fast charge အားလုံးပေါင်းစပ်ထားတဲ့ကမ္ဘာ့ပထမဆုံးဘက်ထရီသက်တမ်း အကောင်းဆုံးစမတ်ဖုန်းပဲဖြစ်ပါတယ်။ဘက်ထရီဟာသက်တမ်းတာရှည်ခံပြီး dual ပြုလုပ်ထားတာကိုစိုးရိမ်သူများအတွက်လုံခြုံရေးပိုင်းမှာ လည်း စိတ်ချရ ပါလိမ့်မယ်။ကွန်ရက်ချိတ်ဆက်နိုင်စွမ်းကတော့ ပြည်တွင်းမှာရှိတဲ့မိုဘိုင်း ကွန်ရက်တွေနဲ့အဆင်ပြေနိုင်မယ့်CDMA/GSM ဆင်းကတ်တွေထည့်သွင်း သုံးနိုင်မှာဖြစ်ပါတယ်။အချက်အလက်တွေ ဝေမျှသုံးစွဲနိုင်စေဖို့အတွက် တော့bluetooth 4.0, wi-fi တို့ကိုသုံးစွဲနိုင်ပါလိမ့်မယ်။အခြားချိတ်ဆက်မှု တွေအနေနဲ့Micro -USB 2.0,USB host တို့ကိုသုံးနိုင်မှာပါ။

Gioneeအနေနဲ့M5 ရဲ့မျိုးဆက်သစ်စမတ်ဖုန်းတွေဖြစ်တဲ့Gionee M6 နဲ့Gionee M6 Plus တို့ကိုလည်းမိတ်ဆက်ပေးထားပြီးယခုအချိန်ထိတော့ ပြည်တွင်း ဈေးကွက်ထဲကိုမရောက်ရှိသေးပါဘူး။ Gionee M6 ကတော့Plus ထက်အရွယ် သေးငယ်ပြီး၅.၅လက်မAMOLED Display တပ်ဆင်ထားပါတယ်။5000 mAh Battery ကအသုံးခံပါတယ်။4GB RAM ထည့်သွင်းထားပြီ3း2GB, 64GB or 128GB Storage များရွေးချယ်နိုင်ပါတယ်။Octa-Core 1.8GHz Processor, 13MP Main Camera, Dual-LED Flash, Fingerprint Reader များတပ်ဆင် ထားပါတယ်။Gionee M6 Plus မှာ၆လက်မAMOLED Full HD Display တပ်ဆင်ထားပါတယ်။အလွန်အသုံးခံတဲ့ 6020mAh Battery တပ်ဆင်ထား ပါတယ်။စမတ်ဖုန်းနှစ်လုံးစလုံးမှာအခြားစမတ်ဖုန်းများကိုအားပြန်သွင်းပေးနိုင်တဲ့Reverse Charging နည်းပညာပါပါတယ်။M6 Plus မှာအနည်းငယ်ပိုမို လျင်မြန်တဲ့Chipset ပါပြီးOcta-Core 2GHz Processor ဖြစ်ပါတယ်။4GB RAM, 64GB Internal Storage တပ်ဆင်ထားပါတယ်။ထူးခြားတာကSecurity Chip သီးခြားပါရှိပြီးသင့်ဒေတာများကိုအလွှာ၁၀ထပ်ဖြင့်ကာကွယ်ပေးထားပါတယ်။ လက်ဗွေရာစစ်ဆေးတဲ့ ကိရိယာ ကိုလည်းလုံခြုံရေးအတွက်သုံးနိုင် ပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com