3/01/2017

♪ “LG က X Power2 ဟာတစ်ခါအားသွင်းထားရင် နှစ်ရက်ခံတယ်လို့ပြော” ♫

Image may contain: phone

စမတ်ဖုန်းများရဲ့ ဘက်ထရီများဟာတစ်ခါအားသွင်းထားရင် ၁ ရက်လောက် သာအသုံးခံလေ့ရှိပါတယ်။ LG က မကြာခင်ကမိတ်ဆက်ခဲ့တဲ့ X Power2 ဟာတစ်ခါအားသွင်းထားရင် ၂ ရက် အသုံးခံတယ်လို့ ပြောပါတယ်။ LG X Power2 မှာအရွယ်ကြီးမားတဲ့ 4500mAh Battery တပ်ဆင်ထားပြီး ဗီဒီယို ကြည့်ရင် ၁၅ နာရီနဲ့ အင်တာနက်သုံးရင် ၁၈ နာရီအသုံးခံတယ်လို့ ကုမ္ပဏီ ကပြောပါတယ်။

X Power2 ရဲ့ ဘက်ထရီဟာယခင်မျိုးဆက်ဖြစ်တဲ့ X Power ရဲ့ 4100mAh Battery ထက် ပိုမိုကြီးမားပါတယ်။ ဒါပေမယ့် ဒီထက်ကြီးမားတဲ့ ဘက်ထရီ များကိုတပ်ဆင်ထားတဲ့ စမတ်ဖုန်းများလည်းထွက်ပေါ်နေပါပြီ။ LG X Power2 ဟာ လျင်မြန်တဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတစ်လုံးတော့ မဟုတ်ပါဘူး။ သူ့ကို ၀ ကနေ ၁၀၀ ရာခိုင်နှုန်းအပြည့် အားသွင်းဖို့အတွက် အချိန် ၂ နာရီ ကြာမြင့်ပါတယ်။

LG X Power2 ဟာစွမ်းဆောင်ရည်သင့် စမတ်ဖုန်းဖြစ်ပြီး ၅.၅ လက်မ
Display , Octa-Core Processor , 13MP Rear Camera, 5MP Front Camera, 1.5 or 2GB RAM, 16GB Storage တပ်ဆင်ထားပါတယ်။ မတ်လ မှာရောင်းချမှာ ဖြစ်ပေမယ့် ဈေးနှုန်းကိုလာမယ့် ရက်ပိုင်းအတွင်းမှာ ကြေညာ မှာပါ။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com