3/01/2017

♪ “အူရီဒူးဆင်းကတ်မှတ်ပုံတင်ခြင်းအား E-mail Account, Keypad ဖုန်းများမှတစ်ဆင့် ပြုလုပ်နိုင်” ♫

Image may contain: 1 person, text

အူရီဒူးမြန်မာမှ ဆင်းကတ်မှတ်ပုံတင်ခြင်း လုပ်ဆောင်နိုင်ရန်အတွက် တိုးချဲ့ပြုလုပ်ပေးလျက်ရှိရာ ယခုအခါတွင် အီးမေးလ်အကောင့်၊ Keypad ဖုန်းနှင့် SMS စနစ်များမှပါ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ အူရီဒူး အနေဖြင့် SMS ပေးပို့ခြင်းဖြင့် မှတ်ပုံတင်နိုင်သောနည်းလမ်းကိုအူရီဒူး၏ ဝန်ဆောင်မှုကို အသုံးပြုသူများ အလွယ်ကူဆုံးနည်းလမ်းဖြင့် ဆင်းကတ် မှတ်ပုံတင်နိုင်ရန်အတွက်ထပ်မံမိတ်ဆက်ပေးလိုက်ပြီဖြစ်ပါသည်။

SMS ပေးပို့ပြီးသည့်အခါတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် မိုဘိုင်းဖုန်းနံပါတ်ကို reg@ooredoo.com.mm သို့ အီးမေးပေးပို့ပေးခြင်းဖြင့် ဆင်းကတ် မှတ်ပုံတင်ခြင်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ အူရီဒူး၏ ဆင်းကတ်ကိုအသုံးပြုသူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် ဆင်းကတ် မှတ်ပုံတင်နိုင်သည့် နည်းလမ်းများ ဖြစ်သော *666# သို့ဖုန်းခေါ်ဆိုခြင်း၊ www. ooredoo.com.mm website မှတစ်ဆင့်မှတ်ပုံတင်ခြင်း၊ my Ooredoo App မှတစ်ဆင့်မှတ်ပုံတင်ခြင်း၊ SMS ပေးပို့၍ မှတ်ပုံတင်ခြင်းတို့ဖြင့် မိမိကိုယ်တိုင်လွယ်ကူစွာဖြင့် ဆင်းကတ်ကို မှတ်ပုံတင်နိုင်မည်ဖြစ်ပါသည်။

တစ်ချိန်တည်းမှာပင် အူရီဒူးမြန်မာအနေဖြင့် ဆင်းကတ်မှတ်ပုံတင်နိုင်ရန် အတွက် သုံးစွဲသူများထံသို့ အရောက်သွားပြီး ဆင်းကတ်မှတ်ပုံတင်ခြင်းကို ပြုလုပ်ပေးရန်အတွက် Ooredoo On the Move အစီအစဉ်၊ သုံးစွဲသူများနှင့် ခြေတစ်လှမ်းနီးဖို့ရာအစီအစဉ်များကို ပြုလုပ်ခြင်းဖြင့် ဆောင်ရွက်ပေး လျက်ရှိနေကြောင်း သိရသည်။ အွန်လိုင်းမှ ဆင်းကတ်မှတ်ပုံတင်ခြင်းအတွက် ၂၄နာရီအတွင်း အကြောင်းပြန်ပေးနေသော် လည်း SMS နှင့်အီးမေးလ်မှ ဆင်းကတ်မှတ်ပုံတင်ခြင်းအတွက်မူ ၅ ရက်ခန့် စောင့်ဆိုင်းရန်လိုအပ်မည် ဖြစ်သည်။ ဆင်းကတ်မှတ်ပုံမတင်ရသေးသောသူများထံသို့လည်း ဖုန်းဆက် အကြောင်းကြားပြီးအွန်လိုင်းမှတစ်ဆင့်ဆင်းကတ်မှတ်ပုံတင်နည်းနှင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ဖွင့်လှစ် ထားသော အူရီဒူး အရောင်းဆိုင်ပေါင်း ၁ဝဝ ကျော်ထဲမှာ မိမိနှင့်အနီးဆုံးဆိုင်သို့ မိမိကိုယ်တိုင် သွားရောက် မှတ်ပုံတင်နည်းတို့ကို ရှင်းပြခြင်းဖြင့် ကူညီလုပ်ဆောင်ပေးလျက်ရှိပါသည်။


 နိုင်ငံတော်အစိုးရမှ ဆင်းကတ်မှတ်ပုံတင်ရန် မတ်လ ၃၁ ရက်နေ့ကို နောက်ဆုံးရက်အဖြစ် သတ်မှတ်ပေးထားသဖြင့် အူရီဒူး၏ဆင်းကတ် အသုံးပြုသူများအနေဖြင့် နောက် ဆုံးရက်နီးကပ်မှသာ ဆင်းကတ် မှတ်ပုံတင် ခြင်းထက် ကြိုတင်မှတ်ပုံတင်ခြင်းကိုပြုလုပ်ကြရန် အူရီဒူးမှ တိုက်တွန်းထား ပါသည်။


ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com