3/25/2017

♪ “Samsung Galaxy S8 တွင် မျက်နှာခွဲခြမ်းစိတ်ဖြာတဲ့ နည်းပညာ ပါဝင်လာမည်” ♫

Image may contain: phone and text

ယခင်တစ်ပတ်ကထွက်ပေါ်ခဲ့တဲ့ သတင်းအရမကြာခင် မိတ်ဆက်တော့မယ့် Samsung Galaxy S8 မှာမျက်နှာခွဲခြမ်းစိတ်ဖြာတဲ့ နည်းပညာပါလာမှာ ဖြစ်ပြီးဖုန်းကို Unlock ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ အခုတော့ အဲဒီ နည်းပညာဖြင့် မိုဘိုင်းဖုန်းကနေငွေပေးချေမှုများ ပြုလုပ်နိုင်မယ်လို့ အခြား သတင်းတစ်ပုဒ်ကဆိုပါတယ်။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ Samsung Galaxy S8 မှာ Samsung Pay လိုမိုဘိုင်းငွေပေးချေမှု ၀န်ဆောင်မှု များကို အသုံးပြုနိုင်မယ့် လက်ဗွေရာ၊ မျက်လုံးနဲ့ မျက်နှာ ခွဲခြမ်း စိတ်ဖြာတဲ့ နည်းပညာအားလုံးပါလာမယ်လို့ ဆိုပါတယ်။ Samsung က S8 ကိုအဲဒီနည်းပညာ ၃ ခုစလုံးပါတဲ့ ပထမဆုံးစမတ်ဖုန်းဖြစ်အောင် ဖန်တီးထား မှာ ဖြစ်ပါတယ်။

Samsung က လာမယ့် လများအတွင်းမှာမျက်နှာ ခွဲခြမ်း စိတ်ဖြာတဲ့ နည်းပညာကိုအကောင်အထည်ဖော် နိုင်အောင် ဘဏ်များနဲ့ ပူးပေါင်းလုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဇန်န၀ါရီလမှာ Samsung Galaxy S8 အတွက် 6GB RAM/128GB Storage Model ကိုထုတ်လုပ်ပေးမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ အဲဒီမော်ဒယ်ကိုတောင်ကိုရီးယားမှာ သာရောင်းချမယ်လို့ ထပ်မံသတင်းထွက်လာပါတယ်။

အဲဒီသတင်းကို တရုတ် နိုင်ငံ HIS ရဲ့ သုတေသနဒါရိုက်တာ ဖြစ်သူ Kevin Wong က တရုတ် လူမှု ကွန်ရက် Weiboမှာကြေညာခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ပို့စ်အရ နိုင်ငံတကာ မှာရောင်းချမယ့် မော်ဒယ်မှာ 4GB RAM သာထည့်သွင်းထားမယ်လို့ သိရ ပါတယ်။ Samsung ကတော့ အဲဒီသတင်းများကို တရားဝင် အတည်ပြု ထားခြင်း မရှိသေးပါဘူး။ ယခုလ ၂၉ ရက်နေ့မှာ Samsung က Galaxy S8 ကိုမိတ်ဆက်တော့မှာ ဖြစ်ပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com