3/21/2017

♪ “ အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ ”

No automatic alt text available.

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Samsung Grand 2 ပါ။ LCD က မှိတ်လိုက်၊ လင်းလိုက်၊ ပေါ်လိုက်၊ ပျောက်လိုက်ဖြစ်နေလို့ပါ။ ဘယ်လိုလုပ်ရမလဲဗျာ။
ဖြေ - ဟုတ်ကဲ့ပါဗျာ။ အဲ့လိုဖြစ်ရင် LCD Socket မိလိုက်၊ မမိလိုက်ဖြစ်တတ်လို့ပါ။ မရရင် သေချာအောင် လဲကြည့်ပါ။ နောက်ဆုံးမရရင် Backlight ပိုင်းက Condenser လေးက ဖြစ်တတ်ပါတယ်။

မေး - Xiaomi ဖုန်းကို China Region လား၊ Global Region လားဆိုတာ ဘယ်လိုစစ်ဆေးလို့ရမလဲခင်ဗျာ
ဖြေ - Phone ထဲက Setting ထဲက Language & Input ထဲကိုဝင်ကြည့်လိုက်ရင် China Language ၂ ခုနှင့် English Language ၁ ခုပါရင် China Region ဖြစ်ပြီး Language တွေအများကြီးပါရင် Global Region ဖြစ်ပါ တယ်။ Application အနေနဲ့ကြည့်မယ်ဆိုရင်လည်း China Application တွေပါပြီး Google Play Services မပါရင် China Region ဖြစ်ပြီး Google Play Services ပါပြီး China Application တွေမပါရင် Global Region ဖြစ်ပါတယ်။

မေး - ကျွန်တော့်ဖုန်းက Wi-Fi နှင့် Internet အလိုလိုပွင့်နေလို့ ကူညီပေးပါ အစ်ကို။ ကျေးဇူးတင်ပါတယ်။
ဖြေ - အဲ့ဒီ Error ကတော့ Virus ကိုက်နေရင် Wi-Fi တို့ Internet တို့ အလိုလိုပွင့်ပြီး Application တွေလည်း အလိုလို Download ဆွဲပါတယ်။ Phone Virus ကို သတ်ချင်တယ်ဆိုရင်တော့ System တစ်ခုလုံးကို Firm-ware အသစ်ပြန်တင်မှပဲ အဆင်ပြေပါလိမ့်မယ်။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက ဘက်ထရီကို ဖားပါးစပ်နဲ့ အားသွင်းပြီး သုံးနေရတယ်။ G-610 ပါအစ်ကို။ အားသွင်းကြိုးတပ်လိုက်တာနဲ့ ပါဝါပိတ်ပြီး ဘာမှသုံးလို့မရတော့ဘူး။ ဘယ်လိုလုပ်ရမလဲအစ်ကို။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ဖုန်းက အားသွင်းကြိုးနဲ့ USB ခေါင်းချိတ်လိုက်တဲ့အခါမှာ ပါဝါပိတ်သွားတဲ့အတွက် အားသွင်းလမ်းကြောင်းမှာ ရှော့စ်ဖြစ်နေလို့ နီးစပ်ရာ Service ဆိုင်ကို ပြလိုက်ပါအစ်ကို။

မေး - Xiaomi ဖုန်းတွေမှာ Facebook သုံးရင် Messenger ခေါ်လို့မရလို့။ Messenger သီးသန့်သုံးမှရတယ်။ အဲ့လိုမသုံးချင်ဘူး။ Facebook ထဲကနေခေါ်ရင်ရအောင် ဘယ်လိုလုပ်ရမလဲ။
ဖြေ - Xiaomi ဖုန်းတွေမှာအဖြစ်များတဲ့ Error တစ်ခုပါ။ ပထမဆုံး Mobile Setting သွားပါ။ Install Apps ထဲဝင်ပြီး Messenger ကိုရှာပါ။ အထဲဝင်ပါ။ Permission Manager ထဲသွားပြီး Display Pop-up Windows ကို အမှန်ဖြစ်အောင်ခြစ်ပေးလိုက်ရင် Facebook ကနေ Messenger Box ကို အသုံးပြုလို့ရပါပြီ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက ဖုန်းလိုင်းပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေလို့ခင်ဗျာ။
ဖြေ - အစ်ကိုရေ Sim Card လေးကို မိရအောင်ထည့်ကြည့်ပါခင်ဗျာ။ အရမ်းချောင်နေရင် စက္ကူစလေး ခံပေးထားပါ။ ပြီးတော့ 2G (Sim 2) ထဲမှာ Ooredoo Card ထည့်မိတာမျိုးဆိုရင်လည်း ဖြစ်တတ်ပါတယ်။ လိုင်းတိုင်လုံးဝပျောက်သွားတာမျိုးဆိုရင်တော့ အစ်ကို့အနေနဲ့ ဖုန်း Service ဆိုင်မှာပြမှ အဆင်ပြေပါလိမ့်မယ်။

မေး - ကျွန်တော့်ဖုန်းက ဖုန်းကတ်ထည့်ထားတယ်။ ဖုန်းခေါ်လို့မရဘူး။ ဘယ်လိုလုပ်ရမလဲ။
ဖြေ - ဖုန်းကတ်ထည့်တိုင်း ဖုန်းခေါ်လို့ရမှာမဟုတ်ပါဘူး။ GSM, CDMA သူ့အမျိုးအစားအလိုက်ထည့်ပါ။ အရင်က ဒီကတ်ထည့်ပြီးသုံးတာ အခုမှခေါ်မရတော့တာ။ အဲ့ဒီလိုဆိုရင်တော့ ဖုန်းကြောင့်ဖြစ်တာပါ။ No Sim လို့ ပြတာလား။ No Service လို့ ပြတာလား။ 1x ပြတာလား။ ဒါတွေကိုစစ်ရပါမယ်။ No Sim လို့ပြတာဆိုရင်တော့ လိုင်းကတ်ကို မသိတာပါ။ ဒါကြောင့် Sim အထိုင်စစ်ရပါမယ်။ Sim အထိုင်နားက Component လေးတွေ စစ်ရမယ်။ Sim အထိုင်ဗို့တွေ စစ်ရပါမယ်။ No Service ဆိုရင် Farmware တင်တာတို့ လုပ်ရမယ်။ မရဘူးဆိုရင်တော့ Network ပိုင်းက PA IC, RF IC နဲ့ Component လေးတွေစစ်ရပါမယ်။

မေး - ကျွန်တော့်ဖုန်းက Ooredoo Card နဲ့ Telenor Card ခဏခဏ ပြောင်းသုံးနေပါတယ်။ အခု MPT Card ထည့်သုံးတော့ လိုင်းမမိတော့ဘူးဗျ။ အဲ့တာ ဘယ်လိုလုပ်ရမလဲ။
ဖြေ - အစ်ကို့ဖုန်းက C-G နှစ်ကတ်သုံးဆိုရင်တော့ အရင်ဆုံး Farm-ware အရင်ရေးကြည့်သင့်ပါတယ်။ GSM တစ်ကတ်သုံးဖုန်းတွေမှာဆိုရင်တော့ Network အတွက် အလုပ်လုပ်ပေးတဲ့ PA IC ကြောင့်ဖြစ်တတ်ပါတယ်။ Sim Card တွေကို အဲ့လိုခဏခဏ ပြောင်းပြီးမသုံးသင့်ပါဘူး။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com