Windows မှာ ထည့်သွင်းပေးထားတဲ့ Windows Defender အမည်ရ Antivirus ဟာ
သင့်တင့် ကောင်းမွန်ပေမယ့် Anti-Malware , Anti-Ransomware နဲ့ အခြား
အဆင့်မြင့် Virus များကို ကာကွယ်နိုင်ခြင်း မရှိပါဘူး။ ဒါ့အပြင် Windows
Defender ဟာ ဟက်ကာအများစု မျက်စိကျတဲ့ Antivirus ဖြစ်တဲ့အတွက် လုံခြုံရေး
ဟာကွက်များစွာ အမြဲရှိနေတတ်ပါတယ်။ အဲဒီအတွက် အကောင်းဆုံး အခမဲ့ Antivirus
များကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Bitdefender Antivirus Free Edition

Bitdefender Antivirus Free Edition ဟာ ပေါ့ပါးသွက်လက်ပြီး Virus များကို ရှာဖွေရာမှာ လျှင်မြန် အစွမ်းထက်ပါတယ်။ အခြား Antivirus များထက် အလွန်လျှင်မြန်စွာ Virus များကို ရှာဖွေပေးနိုင်တာကို တွေ့ရှိရပါတယ်။ သူ့ရဲ့ Virus Definition များကိုလည်း အမြဲ Update ထုတ်ပေးနေတဲ့အတွက် လုံခြုံ စိတ်ချရပါတယ်။ အခမဲ့ ဗားရှင်းမှာ ပါတဲ့ Autopilot Mode က Virus များကို အချိန်ပြည့် စောင့်ကြည့်စစ်ဆေးပေးနေတဲ့အတွက် လုံခြုံ စိတ်ချရပါတယ်။ သူ့ရဲ့ User Interface က အလွန် ရိုးရှင်းပြီး အသုံးပြုရတာ လွယ်ကူပါတယ်။
၂။ Avast Free Antivirus

Avast ရဲ့ နောက်ဆုံးထုတ် Free Antivirus မှာ စွမ်းဆောင်ရည်မြင့် ဂိမ်းများကို ကစားတဲ့အခါမှာ Popups များကို ပိတ်ပေးပြီး System Load များကို လျှော့ချပေးတဲ့ Automatic Gaming Mode ပါလာပါတယ်။ သူ့ရဲ့ User Interface ဟာလည်း ရှင်းလင်းပြီး အသွင်ဆန်းသစ်ထားပါတယ်။ Antivirus စွမ်းဆောင်ချက်များ အပြင် Password Manager ပါလာတာကလည်း အလွန် အသုံးဝင်ပါတယ်။ 0-Day Attacks များကိုတောင် ကာကွယ်နိုင်တာက အံ့မခန်းပါပဲ။
၃။ Sophos Home

Sophos Home က စီးပွားရေးလုပ်ငန်း အဆင့် လုံခြုံရေးကို ပေးစွမ်းနိုင်တယ်လို့ ကြွေးကြော်ထားပါတယ်။ အခမဲ့ Antivirus များထက် အနည်းငယ် သာလွန်ပြီး မိသားစုများအတွက် သင့်တော်ပါတယ်။ Antivirus , Antimalware များကို ကာကွယ်ပေးနိုင်ပြီး Anti-Phishing လို Browser Tools များလည်း ထည့်သွင်းပေးထားပါတယ်။ ပီစီ ၁၀ လုံးအထိ ထိန်းချုပ်နိုင်တဲ့အတွက် သင့်ကလေးများရဲ့ အင်တာနက် အသုံးပြုမှုကို စောင့်ကြည့်စစ်ဆေးနိုင်ပါတယ်။
၎။ Avira Free Antivirus

Avira Free Antivirus ကို စမ်းသပ်ရာမှာ ၉၉.၇ ရာခိုင်နှုန်း အထိ Virus များကို ကာကွယ်နိုင်ပြီး ပီစီရဲ့ စွမ်းဆောင်ရည်ကိုလည်း အလွန် မကျဆင်းစေပါဘူး။ သူ့မှာ ရိုးရှင်းပြီး အသုံးပြုရလွယ်ကူတဲ့ User Interface ကို ဖန်တီးပေးထားပါတယ်။ False Positive များကလည်း နည်းပါးပါတယ်။ Ransomware, Phishing များကို ကာကွယ်နိုင်ပြီး VPN ၀န်ဆောင်မှုကို တစ်လလျှင် 500MB အသုံးပြုနိုင်ပါတယ်။
၅။ AVG Antivirus Free

AVG ဟာ Virus များကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပြီး ပီစီစွမ်းဆောင်ရည်ကိုလည်း အလွန် အမင်း မကျဆင်းစေပါဘူး။ အခမဲ့ ဗားရှင်းမှာ ကြော်ညာများကို ထည့်သွင်းထားတာက စိတ်အနှောင့်အယှက် ဖြစ်စရာပါ။ Avast က AVG ကို ၂၀၁၆ ခုနှစ်မှာ ၀ယ်ယူထားပေမယ့် AVG ရဲ့ စွမ်းဆောင်ရည်ဟာ Avast ကို မမှီတာကို တွေ့ရပါတယ်။ ဒါပေမယ့် AVG ကို အသုံးပြုသူ ပမာဏဟာ Avast လောက် နီးပါးရှိတာကို တွေ့ရပါတယ်။
၆။ Panda Free Antivirus

Panda ရဲ့ Cloud အခြေပြု Antivirus ဟာ သင့် ပီစီရဲ့ စွမ်းအင်အရင်းအမြစ်များကို အနည်းငယ်သာ စားသုံးပါတယ်။ Virus အမျိုးအစားများစွာကို ကာကွယ်နိုင်တာကလည်း သူ့ရဲ့ ကောင်းကွက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဆော့ဖ်ဝဲများ အင်စတောလုပ်ခြင်း၊ ဖိုင်များ ကော်ပီကူးခြင်း၊ ဒေါင်းလုပ်လုပ်ခြင်းများ ပြုလုပ်တဲ့အခါမှာ System Tasks များကို နှောင့်နှေးစေတာကို တွေ့ရပါတယ်။