3/04/2017

♪ “Sony က 4K Display တပ်ဆင်ထားတဲ့ Xperia XZ Premium ကိုမိတ်ဆက်” ♫

No automatic alt text available.

Sony က စွမ်းဆောင်ရည်မြင့် Xperia XZ Premium ကိုမိတ်ဆက်လိုက်ပါ တယ်။ စမတ်ဖုန်းမှာ Qualcomm Snapdragon 835 Chipset ထည့်သွင်းထား ပါတယ်။ 4GB RAM, Android 7.0 ပါပါတယ်။ ဒီဖုန်းဟာ Sony ရဲ့ 4K Display တပ်ဆင်ထားတဲ့ ဒုတိယမြောက်ဖုန်း ဖြစ်ပါတယ်။ ၅.၅ လက်မမျက်နှာပြင် ဖြစ်ပြီး HDR ကိုထောက်ပံ့တဲ့အတွက် ရုပ်ထွက်များပိုမိုကြည်လင်ပြီးပိုမို အရောင်စုံပါတယ်။

အရှေ့နဲ့ အနောက်ကို Corning Gorilla Glass 5 ဖြင့် ကာကွယ်ထားပါတယ်။ IP68 စံနှုန်းရှိပြီးရေအနက် ၁ မီတာအထိယူဆောင် အသုံးပြုနိုင်ပါတယ်။ ဖုန်မ၀င်အောင်လည်း ကာကွယ်နိုင်ပါတယ်။ Sony က ကင်မရာကိုလည်း အဆင့်မြှင့်ပေးထားပြီး Motion Eye ကင်မရာအတွဲအစပ်ကိုတပ်ဆင်ပေးထား ပါတယ်။ Sony ရဲ့ ယခင်ဖုန်းများထက် ဓါတ်ပုံရိုက်ကူးရာမှာ ၅ ဆ လျင်မြန်တဲ့ Predictive Capture စွမ်းရည်ကိုထည့်သွင်းပေးထားပါတယ်။

Xperia XZ Premium မှာQuickCharge 3.0 နည်းပညာပါတဲ့ 3230mAh Battery တပ်ဆင်ထားပါတယ်။ ဒါ့အပြင် အားသွင်းခြင်းနဲ့ ဒေတာကူးပြောင်း ခြင်းများ ပြုလုပ်ရင် လျင်မြန်စေတဲ့ USB-C Port ပါပါတယ်။ ပါဝါခလုတ်မှာ လက်ဗွေရာအာရုံခံကိရိယာတပ်ဆင်ထားပါတယ်။ Sony က နိုင်ငံအပေါ် မူတည်၍ ဈေးနှုန်းကွာခြားမယ်လို့ ပြောပါတယ်။ Luminous Chrome နဲ့ Deepsea Black အရောင်များထုတ်လုပ်ပေးထားပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com