3/04/2017

♪ “Sony က Motion Eye Camera ပါတဲ့ Xperia XZs ကိုကြေညာ” ♫

Image may contain: phone and screen

Sony က MWC မှာ Xperia XZs ကိုမိတ်ဆက်လိုက်ပါတယ်။ XZs မှာ ၅.၂ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ Qualcomm Snapdragon 820 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 4GB RAM ထည့်သွင်းပေးထားပါတယ်။

Sony က Motion Eye Camera လို့ အမည်ပေးထားတဲ့ 19MP Camera တပ်ဆင်ပေးထားပြီး Predictive နဲ့ Laser Autofocus နည်းပညာများ ပါပါ တယ်။ သဘာဝကျတဲ့ အရောင်များဖန်တီးပေးနိုင်တဲ့ RGBC-IR Sensor ကိုလည်းပူးတွဲတပ်ဆင်ပေးထားပါတယ်။ ကင်မရာက 4K Video များကို ရိုက်ကူးပေးနိုင်ပြီးတည်ငြိမ်တဲ့ ဗီဒီယိုများရိုက်ကူးပေးနိုင်တဲ့ 5-Axis Digital Stabilization နည်းပညာပါပါတယ်။ Panorama Mode မှာလည်း Resolution နဲ့ User Interface ကိုပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးထားပါတယ်။ အရှေ့ ဘက်မှာ 13MP Camera တပ်ဆင်ထားပါတယ်။

Sony Xperia XZs ကိုဧပြီလမှာရောင်းချပေးမှာ ဖြစ်ပါတယ်။ ငွေ၊ အပြာနဲ့ အနက်ရောင်များရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းကိုတော့ ကုမ္ပဏီက ပြောကြား ခြင်းမရှိသေးပါဘူး။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com