3/04/2017

♪ “Huawei က စွမ်းဆောင်ရည်မြင့် Honor V9 ကို မိတ်ဆက်” ♫

Image may contain: 1 person, phone and text

Huawei က စွမ်းဆောင်ရည်မြင့် Honor V9 ကို မိတ်ဆက် လိုက်ပါတယ်။ Honor V9 ကို တရုတ်နိုင်ငံမှာ ပွဲတစ်ခုကျင်းပ၍ မိတ်ဆက်လိုက်တာ ဖြစ်ပါ တယ်။ Huawei Honor V9 မှာ ၅.၇ လက်မ QHD LTPS LCD Display တပ်ဆင်ထားပါတယ်။

အနောက်ဘက်မှာ 12MP ကင်မရာနှစ်လုံးကို ပူးတွဲတပ်ဆင်ထားပါတယ်။ ကင်မရာများမှာ Laser Autofocus နည်းပညာ ပါပြီး 4K Video များ ရိုက်ကူး နိုင်ပါတယ်။ အရှေ့ဘက်မှာ 8MP Camera တပ်ဆင်ထားပါတယ်။ Huawei ရဲ့ နောက်ဆုံးထုတ် စွမ်းဆောင်ရည်မြင့် Kirin 960 Chipset တပ်ဆင်ထားပြီး Mate 9 Series များနဲ့ တူညီပါတယ်။ Honor V9 မှာ 6GB RAM ထည့်သွင်း ထားတဲ့အတွက် Multitasking ပြုလုပ်ခြင်းနဲ့ စွမ်းရည်မြင့် ဂိမ်းများကစားခြင်း များအတွက် အလွန်ကောင်းမွန်ပါတယ်။ Internal Storage အပိုင်းမှာ 64GB နဲ့ 128GB Model များ ရွေးချယ်နိုင်ပါတယ်။ Dual SIM Smartphone ဖြစ်ပေ မယ့် SIM Slot တစ်ခုကို microSD Card ဖြင့် မျှဝေအသုံးပြုရမှာဖြစ်ပါတယ်။ ဘက်ထရီ သက်တမ်းကောင်းမွန်စေမယ့် အရွယ်ကြီး 4000mAh Battery တပ်ဆင်ထားပါတယ်။

Android 7.0 Nougat ကို Huawei ရဲ့ EMUI 5.0 နဲ့ ပေါင်းစပ်ထားပါတယ်။ 64GB Model ကို တရုတ်မှာ ယွမ် ၂၉၉၉ သတ်မှတ်ထားပြီး ၄၃၅ ဒေါ်လာနဲ့ ညီမျှပါတယ်။ အဲဒီမော်ဒယ်ကို အရင်ဆုံးရောင်းချ ပေးမှာဖြစ်ပြီး အပြာနဲ့ ရွှေရောင်များ ထုတ်လုပ်ပေးထားပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မှာ တရုတ်တွင် စတင်ရောင်းချမှာပါ။ တရုတ်ပြင်ပမှာတော့ Honor V9 ကို Honor 8 Pro အမည်ဖြင့် ရောင်းချမှာပါ။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com