Ooredoo Myanmar မှ Easy Top-up နဲ့ ငွေဖြည့်သူတိုင်းအတွက်
အပိုငွေလက်ဆောင် ရရှိနိုင်မယ့် promotion အစီအစဉ်တစ်ခုကို
မိတ်ဆက်လိုက်ပါတယ်။
အပိုလက်ဆောင်တွေ အဖြစ် ငွေ (၃၀၀၀)ဖြည့်ရင် အပို (၃၀၀၀) နဲ့ ငွေ(၅၀၀၀) ဖြည့်ရင် အပို (၅၀၀၀) ရရှိ မှာဖြစ်ပြီး အပိုရရှိတဲ့ငွေပမာဏကို မတ်လ (၃) ရက်နေ့အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
အပိုရရှိတဲ့ ငွေပမာဏကို အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုခြင်း၊ SMS ပေးပို့ခြင်းနဲ့ သုံးသလောက်ပေး အင်တာနက် တို့အတွက် အသုံးပြုနိုင်မှာဖြစ်ပြီး Package ဝယ်ယူဖို့အတွက်တော့ အသုံးပြုနိုင်မှာ မဟုတ်ဘူး လို့ သိရပါတယ်။
Ooredoo Branded Shop တွေနဲ့ အခြား Ooredoo ကိုယ်စားလှယ်ဆိုင်တွေမှာ ဖုန်းထဲကို ငွေတိုက်ရိုက်ဖြည့်ပေးတဲ့နည်း (Easy Top-up) နဲ့ ငွေဖြည့်သူတွေသာ ဒီ အပိုလက်ဆောင်တွေကို ရရှိနိုင်မှာ ဖြစ်ပြီး ငွေဖြည့်ကဒ်နဲ့ ခဲခြစ်ငွေဖြည့်သူတွေကတော့ ဒီ လက်ဆောင် ကို ရရှိမှာမဟုတ်ဘူးလို့ သိရပါတယ်။

www.pyaephyo.com