3/03/2017

♪ စမတ်ဖုန်းကင်မရာသတင်းတွေကို လှုပ်ခတ်စေခဲ့တဲ့ Oppo 5X camera နည်းပညာအကြောင်း ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/oppo_5x_dual_camera_setup_1488207332569.jpg?fit=800%2C450&ssl=1

အများအားဖြင့်တော့ စမတ်ဖုန်း ကင်မရာတွေရဲ့ အရည်အသွေး ဟာ သမားရိုးကျ မိသားစုသုံး ကင်မရာတွေ ကို ကျော်လွန်နိုင်ခဲ့ပြီး ဖြစ်ခဲ့ပေမယ့် တကယ့်ဝါရင့် ကင်မရာကြီးတွေ ဖြစ်တဲ့ DSLR ကင်မရာအမျိုးအစားတွေအထိ တော့ မရရှိနိုင်သေးပါဘူး။ အခုတော့ စမတ်ဖုန်းကင်မရာတွေ ရဲ့ အရည်အသွေးကို အများကြီး မျှော်လင့်လို့ ရလာနိုင်စေမယ့် နည်းပညာအသစ်တစ်ခု ကို MWC2017 မှာ မိတ်ဆက်နိုင်ခဲ့ပြီ ဖြစ်တယ် လို့ သိရပါတယ်။

အဲဒီနည်းပညာ ကို 5x Dual Camera Zoom လို့ အမည်ပေးထားပါတယ်။ ကုမ္ပဏီရဲ့ဖုန်းတွေမှာ အဲ့ဒီကင်မရာ နည်းပညာသစ် အသုံးပြုမယ့်အချိန်ကိုတော့ OPPO က မပြောကြားခဲ့ပါဘူး။ ဒါပေမဲ့ ကုမ္ပဏီရဲ့ အထင်ကရ Find 9 လိုမျိုး ထုတ်ကုန်အသစ် စမတ်ဖုန်းပေါ်မှာ 5x Dual Camera Zoom စနစ်ကို အသုံးပြုသွားဖွယ် ရှိပါတယ်။

5x Dual Camera Zoom မှာ သီးခြားအစိတ်အပိုင်း ၅၀ ကျော်ပါဝင်ပြီး ၅.၇ မီလီမီတာ module တစ်ခုမှာ အစီအရီဆင့်ထားပါတယ်။ ပရစ်ဇမ်တစ်ခုကနေတစ်ဆင့် စမတ်ဖုန်းအတွင်းက telephoto lens တစ်ခုထံ အလင်းလမ်းကြောင်းပြောင်းလဲဖို့အတွက် ပယ်ရီစကုပ်ပုံစံ setup တစ်ခုကို အသုံးပြုထားပါတယ်။ ဒါကြောင့် အရည်အသွေးဆုံးရှုံးမှုမရှိစေဘဲ 5x zoom နဲ့ ဓာတ်ပုံရိုက်ကူးနိုင်မှာဖြစ်တယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

OPPO ဟာ အရင်ကလည်း တီထွင်ဆန်းသစ်တဲ့ ကင်မရာတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ ပထမဆုံး 5MP အရှေ့ဘက်ကင်မရာကို OPPO Ulike 2 မှာ အသုံးပြုခဲ့ပါတယ်။ OPPO N1 က 206-degree လှည့်နိုင်တဲ့ ကင်မရာပါဝင်တဲ့ ပထမဆုံးဖုန်းဖြစ်သလို OPPO F1 Plus ကလည်း 16MP အရှေ့ဘက် ကင်မရာပါတဲ့ ကမ္ဘာ့ပထမဆုံးဖုန်း ဖြစ်ပါတယ်။

5x Camera Technology
လွယ်လွယ်ကူကူ ပြောရမယ် ဆိုရင် မြင်ကွင်းထဲက ပုံရိပ်တွေကို ၅ ဆ ချဲ့ပြီး ရိုက်ယူတဲ့နည်းပညာ လို့ ဆိုနိုင်ပါတယ်။

သိတဲ့အတိုင်းပါ။ စမတ်ဖုန်းတွေမှာ ပါဝင်တဲ့ ကင်မရာတွေဟာ ပုံမှန်ရိုက်ကူးမှုအတွက်သာ အဆင်ပြေစေပြီး Zoom ချဲ့ပြီး အဝေးတစ်နေရာက ပုံရိပ်တွေကို ရိုက်ကူးမှု လုပ်မယ်ဆိုရင်တော့ အကောင်းဆုံးရိုက်ကူးနိုင်တဲ့ အမျိုးအစား ဟာ တကယ့်ကို လက်ချိုးရေလို့ရပါတယ်။
Zoom
  • 5x နည်းပညာ ဟာ ၅ ဆ အထိ ဆွဲယူရိုက်ကူးမယ် ဆိုရင်တောင်မှ ပုံရိပ်ဟာ ဝေါးသွားခြင်း မရှိပါဘူး။
  • အရင်က ဒီလုပ်ဆောင်ချက် ဟာ ၂ ဆ အထိ ပဲ ရိုက်ယူနိုင်ခဲ့ပါတယ်။ iPhone 7s ကို လေ့လာ ကြည့်ရင် သိနိုင်ပြီး အိုင်ဖုန်းမှာ အဆ ၂ ဆ အထိ ပဲ ရရှိပြီး ၂၀၀ ရာခိုင်နှုန်း ကို နည်းနည်းလေး ကျော်သွားတာနဲ့ ပုံရိပ်တွေနဲ့ ဖောင်းလိုင်းတွေဟာ အထစ် အထစ်လေးတွေ နဲ့ Pixel လေးတွေ ထွက်ပေါ်လာတာတွေ့ရပါတယ်။
  • ချဲ့တဲ့ မြင်ကွင်း ၂ ဆ ကျော်သွားရင် နာမည်ကြီး ဖုန်းတွေလောက်မှာပဲ Focus ပြတ်တဲ့အထိ ရရှိနိုင်ပြီးတခြား ဖုန်းတွေမှာတော့ ၀ါးတာတား ဖြစ်သွားကြလေ့ရှိပါတယ်။
  • Anti-Shake Technology ( ချဲ့လေလေ၊ မြင်ကွင်း ကေ၀၀ါးသွားလေလေ ဖြစ်တာဟာ စမတ်ဖုန်း ကင်မရာ တွေ ရဲ့ သဘာဝ ဖြစ်ပါတယ်။ အဲဒီ ပြသနာ ကို ဖြေရှင်းဖို့ အတွက် OPPO သည် Anti-shake Technology ကို အသုံးပြုထားပါတယ်။ Camera Zoom ဆွဲပြီးနောက် Anti-shake Technology ကို အသုံးပြုပေးကာ Super Zoom ၅ ဆ ဖြစ်သွားပေမယ့် ဝေေ၀၀ါးဝါး ဖြစ်သွားခြင်း မရှိနိုင်တော့ပါ။
  • AS လို့ ခေါ်တဲ့ Anti-Shake နည်းပညာ ဟာ ကင်မရာတွေထဲမှာ ပါဝင်တဲ့ နည်းပညာတစ်ခု ဖြစ်ပြီး ကင်မရာတော်တော်များများ မှာ Default အနေနဲ့ ပါဝင်လေ့ရှိပါတယ်။
Dual
  • အတွင်း ကင်မရာ Camera 2 လုံး
  • Dual ကင်မရာ ရဲ့ သဘောတရား က ဒီလိုပါ။ Single ကင်မရာ နဲ့ ဓါတ်ပုံတစ်ပုံ ရိုက်ယူလိုက်တဲ့အခါမှာ ပုံရိပ်ဟာ တစ်ခုတည်း ရရှိပါတယ်။ Dual ကင်မရာကလည်း ပုံရိပ်တစ်ခုတည်း ရရှိပါတယ်။ဒါပေမယ့် Dual ကင်မရာ မှာ ပါဝင်လာတဲ့ အဲဒီ ပုံရိပ်မှာ အလွှာလေးတွေ အများကြီး ရရှိလာတာပါ။ ဖိုတိုရှော့နဲ့ ပြောရရင် Layer တွေ အများကြီး ထပ်ထားပြီး မှ Flatten လုပ်ရင် ပုံ ၁ ခု တည်း ရရှိသလိုမျိုးပေါ့။
Oppo
  • MWC 2016 ခုနှစ်မှာ Oppo ဟာ ၁၅ မိနစ်အတွင်း အမြန်အားသွင်းနိုင်တဲ့ နည်းပညာ ဖြစ်တဲ့ VOOC နည်းပညာ Fast Charging Tech ကို မိတ်ဆက်ခဲ့ပါတယ်။
  • MWC 2016 ခုနှစ်မှာ OPPO N1 နဲ့ OPPO F1 ကို မိတ်ဆက်ခဲ့ပြီး ဆဲလ်ဖီးရိုက်ယူတဲ့အခါမှာ အသင့်တော်ဆုံး စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။

Shutter Speed . Shutter Speed နဲ့ ပြောကြတဲ့ အခါ Shutter ဆိုတာက ကင်မရာ Sensor .. ကိုအလင်း ပေးဝင်ဖို့ ရှေ့ကနေ အဖွင့်အပိတ်လုပ်ပေးရတဲ့ တာဝန်ကို ဆောင်ရွက်ပေးရတာဖြစ်ပါတယ်..
Speed ဆိုတာက အဲ့အဖွင့်အပိတ်ကို ဘယ်လောက် မြန်မြန် သို့မဟုတ်ဘယ်လောက်ကြာကြာ လုပ်တာလဲပေါ့..
ဒီတော့ Shutter ကို ဖွင့် လိုက်တဲ့ အချိန်ဟာ.. Sensor အတွက်တော့ အလင်းကို ထိတွေ့ Expose လုပ်ခွင့်ရတဲ့ အချိန်ဖြစ်တဲ့ အတွက်.. Exposure Time လို့ သုံးရင်လည်းရပါတယ်..


5x Dual Camera Technology အကြောင်း မိတ်ဆက်ခဲ့တဲ့ Video



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com