3/01/2017

♪ Archos က တန်ဖိုးနည်း 50 Graphite နဲ့ 55 Graphite စမတ်ဖုန်းများကို မိတ်ဆက် ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/02/Ashampoo_Snap_001_-7.jpg?fit=800%2C450&ssl=1

Mobile World Congress ကို လာမယ့် ရက်ပိုင်းအတွင်းမှာ ကျင်းပတော့မှာ ဖြစ်ပြီး ထုံးစံအတိုင်း စမတ်ဖုန်း ထုတ်လုပ်သူများက ပွဲမတိုင်ခင်မှာ စမတ်ဖုန်း အသစ်များကို မိတ်ဆက်နေကြပါတယ်။ ပြင်သစ်အခြေစိုက် အီလက်ထရောနစ် ကုမ္ပဏီ Archos ကလည်း 50 Graphite နဲ့ 55 Graphite စမတ်ဖုန်း အသစ် ၂ လုံးကို မိတ်ဆက်လိုက်ပါတယ်။ စမတ်ဖုန်း အသစ်များဟာ တန်ဖိုးနည်းပေမယ့် သင့်တင့်တဲ့ Specifications များကို ထည့်သွင်းထားပါတယ်။

55 Graphite ဟာ ဖုန်း ၂ လုံးထဲမှာ စွမ်းဆောင်ရည် ပိုမိုမြင့်မားပြီး ၅.၅ လက်မ Full HD IPS Display , 1.5GHz MediaTek MT6737 Quad-Core Processor , 2GB RAM, 16GB Storage , microSD Card Slot တပ်ဆင်ထားပါတယ်။ 13MP နဲ့ 2MP Camera ၂ လုံးကို အနောက်ဘက်မှာ ပူးတွဲ တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 5MP Camera ပါပါတယ်။ 3000mAh Battery နဲ့ Dual SIM Slot တပ်ဆင်ထားပါတယ်။ အလူမီနီယမ် ကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ USB Type-C Port , Android 7.0 Nougat ထည့်သွင်းထားပါတယ်။

50 Graphite မှာ ၅ လက်မ HD IPS Display , 1GB RAM တပ်ဆင်ထားပါတယ်။ အခြား Specifications များမှာ 55 Graphite နဲ့ တူညီပါတယ်။ Archos က ရောင်းချတဲ့ နိုင်ငံအပေါ် မူတည်၍ Specifications များကွဲပြားမယ်လို့ ပြောပါတယ်။

Archos က လာမယ့်ရက်များအတွင်းမှာ MWC မှာ စမတ်ဖုန်း အသစ်များကို ပြသမှာ ဖြစ်ပြီး ဇွန်လမှာ ရောင်းချမှာပါ။ ဈေးနှုန်းနဲ့ ရောင်းချမယ့် နိုင်ငံများကို မသိရသေးပါဘူး။ 50 Graphite ရဲ့ အခြေခံ မော်ဒယ်မှာ ၁၃၈ ဒေါ်လာ ၀န်းကျင် ရှိမယ်လို့ ခန့်မှန်းရပါတယ်။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com