3/01/2017

♪ “Apple က 2016 အတွက် Tablet ရောင်းအားအကောင်းဆုံးဖြစ်လာ” ♫

Image may contain: phone

Apple က ယခင်နှစ်မှာ တက်ဘလက် ၄၂.၅ သန်းနဲ့ Samsung က ၂၇ သန်း ရောင်းချခဲ့ရပြီး ပထမနဲ့ ဒုတိယနေရာကို အသီးသီး ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် တက်ဘလက် ဈေးကွက်ဟာ ၆.၆ ရာခိုင်နှုန်း လျှော့နည်းသွားတယ် လို့ စစ်တမ်းတစ်ခုက ပြောပါတယ်။

Apple ရဲ့ ရောင်းအားဟာ ၁၄.၁ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ ယခင်နှစ်မှာ တက်ဘလက်အလုံးရေ ၁၁ သန်း ရောင်းချခဲ့ရပြီး တတိယနေရာက ရပ်တည်နေတာက Amazon ဖြစ်ပါ တယ်။ Lenovo , Huawei , Microsoft နဲ့ Asus တို့က ၁၀.၉ ၊ ၉.၈ ၊ ၃.၉၊ ၃.၄ သန်းဖြင့် Amazon ရဲ့ အောက်မှာ အသီးသီး ရပ်တည်နေ ပါတယ်။

စစ်တမ်း ကောက်ယူတဲ့ Trendforce ရဲ့ ခန့်မှန်းချက်အရ ဒီနှစ်မှာလည်း တက်ဘလက် ရောင်းအားဟာ ကျဆင်းနေဦးမှာ ဖြစ်ပေမယ့် Apple ကတော့ ထိပ်ဆုံးနေရာ မှာ ဆက်လက်ရပ်တည်နေမှာပါ။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com