
ယခုလ ၂၅
ရက်နေ့မှာ Facebook Users အချို့ရဲ့ အကောင့်များ Lock ကျသွားခဲ့ပါတယ်။
အချို့က ဒါဟာ ဟက်ကာများရဲ့ လက်ချက်ဖြစ်မယ်ထင်ပြီး စိုးရိမ်ခဲ့ကြပါတယ်။
Facebook ရဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ယောက်က အဲဒီဖြစ်ရပ်ဟာ Facebook ရဲ့
ဆော့ဝဲအမှားကြောင့်လို့ အတည်ပြုခဲ့ပါတယ်။
လော့ကျသွားတဲ့
အကောင့်များဟာ Log In ၀င်လို့ မရဘဲ အကောင့်ကိုလည်း Verified လုပ်လို့
မရခဲ့ပါဘူး။ အချို့ Users များမှာတော့ အကောင့်ဟာ ဟက်ခံရတဲ့အတွက် Password
ကို ပြောင်းခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ အချို့ Users များမှာ Password အသစ်
ပြောင်းခဲ့ပေမယ့် Log In ၀င်လို့ မရခဲ့ပါဘူး။
“ ဒီနေ့
နံနက် အစောပိုင်းမှာ Facebook Users များရဲ့ အကောင့်များကို မသင်္ကာသူများ
ဝင်ရောက်ခြင်းမှ ကာကွယ်ပေးဖို့ ပုံစံထုတ်ထားတဲ့ Account Recovery Software
မှာ အမှားများဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီအမှားကို ပြင်ဆင်လိုက်ပြီ
ဖြစ်ပြီး Lock ကျသွားတဲ့ အကောင့်များကိုလည်း ပြန်လည် အသုံးပြုနိုင်အောင်
ပြုလုပ်ပေးလိုက်ပါပြီ။ “ လို့ ပြောရေးဆိုခွင့်ရှိသူက ကြေညာလိုက်ပါတယ်။
Facebook
က ကုမ္ပဏီရဲ့ နည်းပညာ အမှားဆိုတာကို အလျှင်အမြန် ၀န်ခံခဲ့ပါတယ်။
ဟက်ကာများရဲ့ လက်ချက်မဟုတ်ဘူးလို့လည်း အတည်ပြုခဲ့ပါတယ်။ လော့ကျသွားတဲ့
အကောင့်အရေအတွက် ဘယ်လောက် ရှိတယ်ဆိုတာကိုတော့ Facebook က ပြောကြားခြင်း
မရှိပါဘူး။ အဆင်မပြေဖြစ်မှု အတွက် တောင်းပန်ပါတယ်လို့ တာဝန်ရှိသူများက
ပြောပါတယ်။
www.pyaephyo.com