3/01/2017

♪ " Asus Zenfone 3 Max ကို ပြည်တွင်းဈေးကွက်၌ မကြာမီရောင်းချပေးတော့မည် " ♫

Image may contain: phone

Asus ဧ။် New Product တစ်ခုဖြစ်သော Zenfone 3 Max ကို ပြည်တွင်းဈေးကွက်၌ မကြာမီရောင်းချပေးတော့ မည်ဖြစ်ကြောင်း သိရှိရသည်။ Zenfone 3 Max (ZC553KL) ဧ။် ဈေးနှုန်းက ငွေကျပ် (259,000) ဖြစ်ကာ Zenfone 3 Max (ZC520CL) ကို ငွေကျပ် (199,000) ဖြင့် ၀ယ်ယူရရှိနိုင်မည်ဖြစ်သည်။ 

ဝယ်ယူအားပေးသူများကို ကျေးဇူးတုန့်ပြန်သည့်အနေဖြင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သွားရန်လည်း စီစဉ်ပေးထားသည်။ မျက်နှာပြင် 5.5 လက်မ အရွယ်အစားရှိ ZenFone 3 Max (ZC553KL) တွင် (4100) mAh Battery ကိုအသုံးပြုပေးထားသောကြောင့် 4G ကွန်ရက်တွင် StandBy (38) ရက်၊ 3G ကွန်ရက်တွင် ဖုန်းခေါ်ဆိုခြင်း (17) နာရီ၊ (72) နာရီကြာ သီချင်းနားထောင်နိုင်ခြင်း၊ (18) နာရီကြာ ဗီဒီယိုကြည့်ရှုနိုင်ခြင်း၊ Wifi ဖြင့် (19) နာရီ အင်တာနက်အသုံးပြုနိုင်ခြင်းတို့ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

Powerbank အဖြစ် အသုံးပြုနိုင်မည့် Reverse Charging စနစ်လည်းပါရှိသည့်အပြင် အခြားဖုန်းများကို ဘက်ထရီအားဖြည့်သွင်းပေးရန်အတွက် ကူညီပေးနိုင်မည်ဖြစ် သည်။ ဖုန်းတွင်းလုပ်ဆောင်ချက်တွေ မြန်ဆန်မှုရှိစေဖို့ Octa-Core Processor ကိုအသုံးပြုပေးထားကာ RAM 4GB ပါရှိသည်။ Internal Memory 64GB ပါဝင်ပြီး Memory ကို ထပ်မံတိုးချဲ့အသုံးပြုနိုင်မည်ဖြစ်သည်။ 2G, 3G နှင့် 4G Network တွေမှာ အဆင်ပြေပြေအသုံးပြုနိုင်မည့်ဖြစ်သည့်အပြင် Dual Sim ထည့်သွင်းအသုံးပြုနိုင်သည်။ ကိုယ်ထည်ပိုင်းကို လုံးပြည့်သတ္တုကိုယ်ထည်ပုံစံ ကျစ်ကျစ်လျစ်လျစ်ဖြင့် ယခင်ထွက်ရှိခဲ့ပြီးသား Zenfone Max ထက် ပါးလွှာပေါ့ပါးမှုရှိစေရန် ဖန်တီးပြုလုပ်ပေးထားသည်။

ထို့အပြင် Zenfone 3 Max တွင်ပါရှိသည့် ကင်မရာများဖြင့် ကောင်းမွန်သော ဓာတ်ပုံနှင့် ဗီဒီယိုများ ဖန်တီးရိုက်ကူးနိုင်သည်။ အနောက် 16.0 Megapixels ရှိသော ကင်မရာကို တပ်ဆင်ပေးထားကာ Tritech Auto Focus Technology ကိုထည့်သွင်းပေးထားသောကြောင့် လှုပ်ရှားမှုမြန်ဆန်သောပုံရိပ်များကို ကြည်လင်ပြတ်သားစွာ ဖမ်းယူရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် Laser Auto focus စနစ်ပါရှိသည့်အတွက်လည်း (0.03) စက္ကန့်အတွင်း ရုပ်ပုံတွေကို မြန်ဆန်စွာ ဖမ်းယူနိုင်စွမ်းရှိသည်။ 3-axis EIS စနစ်လည်း ပါရှိသေးသောကြောင့် ဗီဒီယိုရိုက်ကူးရာတွင် ပုံရိပ်များကို အလိုအလျောက် အားအကောင်းဆုံးဖြင့် ကြည်လင်ပြတ်သား တည်ငြိမ်စွာ ရိုက်ကူးနိုင်သည်။


Super Resolution Mode ကိုအသုံးပြုပြီး 64 MP ဓာတ်ပုံများကိုလည်း ဖန်တီးနိုင်မည်ဖြစ်ကာ Low Light Mode, Panorama , Manual Mode စသည့်တို့ဖြင့်လည်း ဓာတ်ပုံများကို စိတ်ကြိုက်ဖန်တီးနိုင်မည်ဖြစ်သည်။ အရှေ့ဘက်တွင်လည်း 8.0 Megapixels ရှိသော ကင်မရာလည်းပါရှိကာ လှပကောင်းမွန်သည့် Selfie ဓာတ်ပုံများလည်း ရိုက်ကူးနိုင်သေးသည်။ Operating System အတွက် Android 6.0 (Marshmallow) ကိုအသုံးပြုပေးထားသည့်အပြင် ZenUI 3.0 ကိုပါ ထည့်သွင်းအသုံးပြုပေးထားခြင်းကြောင့် လွယ်ကူကောင်းမွန်သော User Interface ကိုရရှိအသုံးပြုနိုင်မည်ဖြစ်သည်။

ဖုန်းဧ။်နောက်ကျောဘက်တွင် တပ်ဆင်ပေးထားသည့် Fingerprint Scanner ဖြင့် Screen Unlock ပြုလုပ်ခြင်းများကို (0.3) စက္ကန့်အတွင်း လုပ်ဆောင်နိုင်မည်ဖြစ်ပြီး Fingerprint ID ကို (5) ခုအထိ မှတ်သားထားနိုင်သည်။ အဆိုပါ မှတ်သားထားသော Fingerprint ID များဖြင့်လည်း Apps များကို မြန်ဆန်စွာ ဖွင့်လှစ်လို့ရသည်။ အသုံးပြုသူများ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်စေရန်အတွက် ရွှေရောင်၊ ငွေရောင်၊ ခဲရောင် စသည့် အရောင် (3) မျိုးဖြင့် ထုတ်လုပ်ပေးထားကြောင်း သိရှိရသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com