3/19/2017

♪ Android မှာ Split Screen Mode ကို အသုံးပြုနည်း ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/Android-N-Split-Screen.jpg?fit=800%2C450&ssl=1

Google ရဲ့ နောက်ဆုံးထုတ် Android Nougat မှာ စွမ်းဆောင်ချက် အသစ်များစွာ ပါရှိလာပါတယ်။ Notification Panel ဟာ ပိုမို ကောင်းမွန်လာခြင်း ၊ Virtual Reality ကို ထောက်ပံ့လာခြင်း၊ ဒေတာများ ကူးပြောင်းရာမှာ ပိုမိုလျှင်မြန်လာခြင်းနဲ့ ဘက်ထရီ သက်တမ်း ကောင်းမွန်လာခြင်း အပါအ၀င် စွမ်းဆောင်ချက်များစွာ ထည့်သွင်းပေးထားပါတယ်။ အကောင်းဆုံး စွမ်းဆောင်ချက်တစ်ခုကတော့ Apps ၂ ခုကို တစ်ပြိုင်နက် အသုံးပြုနိုင်တဲ့ Split Screen Mode ဖြစ်ပါတယ်။

မှတ်ချက်။ ။ အချို့ Apps များကိုတော့ Split Screen Mode မှာ သုံးလို့ မရနိုင်ပါဘူး။ နောက်ပိုင်းမှာတော့ Split Screen Mode ကို ထောက်ပံ့ဖို့ ပြုလုပ်ပေးမယ်လို့ Developer များက ပြောပါတယ်။ ဒါပေမယ့် အဲဒီ Mode ကို မထောက်ပံ့တဲ့ Apps များကို Split Screen Mode မှာ သုံးနိုင်အောင် ပြုလုပ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်။ Google ရဲ့ နောက်ဆုံးထုတ် Update မှာ App တိုင်းကို Split Screen Mode ဖြင့် သုံးနိုင်မယ့် နည်းလမ်းတစ်ခုကို ပံ့ပိုးပေးထားပါတယ်။

App တိုင်းကို Split Screen Mode မှာ အသုံးပြုနည်း
အရင်ဆုံး သင့်ရဲ့ စမတ်ဖုန်းမှာ Developer Options ကို Activate ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Settings> Developer Options > About this device ထဲသွားပါ။ Version Number ကို အကြိမ် အနည်းငယ် နှိပ်ပါ။ ဒါဆိုရင် “ You are now a developer “ ဆိုတဲ့ စာသားကို မြင်ရမှာဖြစ်ပါတယ်။

Settings Menu ထဲသွားပြီး Developer Options ကို ဖွင့်ပါ။ အောက်ဘက်ကို ဆင်းပြီး “ Force activities to be resizable “ ကို Enable လုပ်ပါ။ ပြီးရင်တော့ ဖုန်းကို Restart ချပေးပါ။ ပြီးရင်တော့ App တိုင်းကို Split Screen Mode မှာ အသုံးပြုနိုင်ပါပြီ။


Split Screen Mode မှာ သုံးချင်တဲ့ App ၂ ခုကို ဖွင့်ပါ။ Task Manager Button ကို ဖိထားပါ။ ဒါဆိုရင် အဲဒီ App ၂ ခုကို စကရင်ရဲ့ အပေါ်နဲ့ အောက် ၂ နေရာမှာ တစ်ပြိုင်နက် အသုံးပြုနိုင်ပါပြီ။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com