3/19/2017

♪ Instagram Photo ကို Facebook Page သို့ အလိုအလျှောက် တင်နည်း ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/facebook-instagram-ss-1920.jpg?fit=800%2C450&ssl=1

Instagram မှာ တင်တဲ့ ဓါတ်ပုံများကို သင့်ရဲ့ Facebook ပရိုဖိုင်မှာ Default အားဖြင့် အလိုအလျှောက် မျှဝေလေ့ရှိပါတယ်။ Instagram မှာ သင် တင်တဲ့ ဓါတ်ပုံများကို သင့်ရဲ့ Facebook Page မှာ အလိုအလျှောက် မျှဝေချင်ရင်တော့ နည်းလမ်းတစ်ခု ရှိပါတယ်။ ဒီနည်းလမ်းဟာ Instagram မှာ ဓါတ်ပုံတင်လေ့ရှိတဲ့ နာမည်ကျော် ဆယ်လီများ၊ ကုမ္ပဏီများ အတွက် အလွန် အသုံးဝင်ပါတယ်။

Android မှာ Instagram App ကို ဖွင့်ပြီး သင့်ရဲ့ ပရိုဖိုင်ထဲသွားပါ။ ညာဘက်အပေါ်ထောင့်မှ Menu Icon ကို နှိပ်ပါ။

iOS မှာတော့ ပရိုဖိုင်ထဲသွားပြီး ညာဘက်အပေါ်ထောင့်မှ Settings Gear ကို နှိပ်ပါ။



ပြီးရင် Linked Accounts> Facebook > Share To ကို ရွေးချယ်ပေးပါ။ အဲဒီ စကရင်မှာ သင့်ရဲ့ Facebook Page များကို ပြသထားမှာ ဖြစ်ပါတယ်။ သင်နှစ်သက်တဲ့ Page ကို ရွေးချယ်ပေးပါ။ ဒီနည်းလမ်းကို အသုံးပြုရင်တော့ သင် Instagram မှာ တင်တဲ့ ဓါတ်ပုံများကို သင့်ရဲ့ Facebook ပရိုဖိုင်မှာ မျှဝေပေးမှာ မဟုတ်တော့ဘဲ Page မှာသာ မျှဝေပေးမှာပါ။ သင့် ပရိုဖိုင်မှာ မျှဝေချင်ရင်တော့ Page အစား Timeline ကို ရွေးချယ်ပေးပါ။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com