3/19/2017

♪ မျက်နှာအာရုံခံ နည်းပညာဖြင့် ငွေပေးချေနိုင်မယ့် Samsung Galaxy S8 ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/galaxy-s8-concept.jpg?fit=800%2C450&ssl=1

ပေါက်ကြားထွက်ပေါ်လာတဲ့ သတင်းများအရ မတ်လ ၂၉ ရက်နေ့မှာ မိတ်ဆက်မယ့် Samsung Galaxy S8 မှာ မျက်နှာအာရုံခံ နည်းပညာဖြင့် ငွေပေးချေမှု စနစ်ပါလာမယ်လို့ သိရပါတယ်။ ဒါ့အပြင် Samsung Galaxy S8 မှာ လက်ဗွေရာ ၊ မျက်လုံး အာရုံခံစနစ်များလည်း ပါလာမှာ ဖြစ်ပြီး အဲဒီ အာရုံခံ စနစ် ၃ ခုစလုံးကနေ မိုဘိုင်း ငွေပေးချေမှု စနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အဲဒီအတွက် Samsung Galaxy S8 မှာ Samsung Pay , Android Pay တို့လို မိုဘိုင်း ငွေပေးချေမှုစနစ်များကို အသုံးပြုဖို့ ပိုမိုလွယ်ကူသွားပြီ ဖြစ်ပါတယ်။ အရင်ကတော့ ဈေးဆိုင်များမှာ ငွေရှင်းတဲ့အခါမှာ လက်ချောင်းကို Fingerprint Scanner မှာ ထိတွေ့ခြင်းဖြင့် ငွေပေးချေရတာ ဖြစ်ပါတယ်။ အနာဂတ်မှာတော့ ကင်မရာကို မျက်နှာသို့ ချိန်ရွယ်လိုက်ရုံနဲ့ ငွေပေးချေနိုင်တော့မှာ ဖြစ်ပါတယ်။

တရုတ် လူမှုကွန်ရက် Weibo မှာ Samsung Galaxy S8 နဲ့ ပတ်သက်တဲ့ ပို့စ်တစ်ခုကို HIS ရဲ့ သုတေသန ဒါရိုက်တာ ဖြစ်သူ Kevin Wong က တင်ထားပါတယ်။ သူ့ရဲ့ ပို့စ်မှာ Samsung Galaxy S8 ရဲ့ 6GB RAM/128GB Internal Storage Model ကို တောင်ကိုရီးယားမှာသာ ရောင်းချမယ်လို့ သိရပါတယ်။ အရင်ကတော့ အဲဒီမော်ဒယ်ကို တောင်ကိုရီးယားအပြင် တရုတ်မှာပါ ရောင်းချမယ်လို့ သတင်းထွက်ခဲ့ပါသေး တယ်။ Samsung က Galaxy S8 ကို ဒီလထဲမှာ မိတ်ဆက်မှာ ဖြစ်လို့ ရင်ခုန်ရမယ့် အချိန်ဟာ နီးကပ်လာပါပြီ။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com