11/07/2016

♪ Programming ပြိုင်ပွဲ ကျင်းပမည် ♫


၂၀၁၆ Asia-Yangon Regional Programming Contest ပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ရန်ကုန်ကွန်ပျူ တာတက္ကသိုလ်တွင် လာမည့် ဒီဇင်ဘာ ၈ ရက်နှင့် ၉ ရက်များတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၆ ခုနှစ် ဇွန်လ ၂၄ ရက်နှင့် ၂၅ ရက်များက ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ကြီးမှူး၍ Asia-Yangon National Programming Contest ကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ National Programming Contest ပြိုင်ပွဲတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ Computer တက္ကသိုလ် (၂၄) ခုမှ ပြိုင်ပွဲဝင် အသင်းပေါင်း (၆၅) သင်း၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူပေါင်း (၁၉၅) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ယင်းပြိုင်ပွဲမှ ပြိုင်ပွဲဝင်အသင်းပေါင်း (၃၈) သင်းကို မြန်မာနိုင်ငံကိုယ်စားပြု အသင်းအဖြစ် ရွေးချယ်ထားကြောင်း၊ Asia Pacific Region ရှိ နိုင်ငံခြား တက္ကသိုလ် အသင်းများနှင့် မြန်မာနိုင်ငံကိုယ်စားပြု (၃၈) သင်းတို့သည် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၌ ကျင်းပမည့် 2016 Asia-Yangon Regional Programming Contest ပြိုင်ပွဲကို ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

Regional ပြိုင်ပွဲ၌ ရွှေးချယ်ခံရမည့် အသင်းများသည်၂၀၁၇ World Final ပြိုင်ပွဲသို့ သွားရောက် ယဉ်ပြိုင်ရမည်ဖြစ်သည်ဟု သိရသည်။


Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com