11/07/2016

♪ Samsung Galaxy S8 တွင် screen အပြည့်နီးပါး ပါဝင်လာဖွယ်ရှိ ♫


အသစ်ထွက်ရှိမည့် Samsung Galaxy S8 တွင် screen အပြည့်နီးပါး ပါဝင်လာဖွယ်ရှိကြောင်း ကိုရီးယား သတင်းဌာန The Investor မှဖော်ပြခဲ့သည်။

ပြီးခဲ့သည့်အပတ်က ဆိုးလ်မြို့တွင် ပြုလုပ်ခဲ့သော iMiD 2016 display exhibition တွင် Samsung ၏ display ထုတ်လုပ်ရေးဆိုင်ရာ အင်ဂျင်နီယာ ပတ်ဝူဆန်က လာမည့်နှစ်တွင်ထွက်ရှိမည့် ဖုန်းတွင် မျက်နှာပြင် ၉၀ ရာခိုင်နှုန်း ပါဝင်လာမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

လက်ရှိတွင် စမတ်ဖုန်းများ၏ရှေ့ဘက်တွင် မျက်နှာပြင်မှာ ၈၀ ရာခိုင်နှုန်းခန့် နေရာယူထားသည်။ အကယ်၍ ယခုသတင်းသာ မှန်ကန်ခဲ့ပါက S8 သည် ယခင်ထုတ်ကုန်များထက် မျက်နှာပြင် ၁၀ ရာခိုင်နှုန်း ပိုမိုပါဝင်လာဖွယ်ရှိသည်။

Samsung သည် ဖုန်းမျက်နှာစာတွင် screen ၉၉ ရာခိုင်နှုန်းအထိ ထည့်သွင်းနိုင်ရန် ကြိုးစားနေကြောင်း ၎င်းအင်ဂျင်နီယာက ပြောကြားခဲ့သည်။ လတ်တလောတွင် Xiaomi Mi Mix ဖုန်း၏မျက်နှာပြင်မှာ အပြည့်ဖြစ်သည်။ Galaxy S8 တွင် OLED display အသုံးပြဖွယ်ရှိကာ ဘေးဘောင်ပါဝင်မည် မဟုတ်ကြောင်း The Investor မှ ခန့်မှန်းဖော်ပြထားသည်။


Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com