11/07/2016

♪ CDMA ဖုန်းများအား အဆင့်မြှင့်ရန် အစီအစဉ်ရှိ ♫


CDMA ဖုန်းများအား အဆင့်မြှင့်ရန် အစီအစဉ်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောသည်။

“လတ်တလောမှာတော့  CDMA ဖုန်းတွေကို အဆင့်မြှင့်ဖို့ အစီအစဉ်ရှိပါတယ်။ ပြီးတော့ အော်ပရေတာတွေ အားလုံးဟာ 4G နည်းပညာတွေဆီ ဦးတည်ဆောင်ရွက်နေတယ်ဆိုတာ သတိထားမိမှာပါ။ ကျွန်တော်တို့ အနေနဲ့ 4G ၀န်ဆောင်မှုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသုံးပြုနိုင်အောင် အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွားမှာပါ” ဟု ဆိုသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် GSM, WCDMA ဖုန်းအမျိုးအစားများအပြင် အခြားသော ဖုန်းအမျိုးအစားများကိုလည်း ဝန်ဆောင်ပေးလျက်ရှိပြီး ယင်းတို့မှာ CDMA 800 MHz, CDMA 450 MHz အစရှိသည်တို့ဖြစ်သည်။

GSM နှင့် WCDMA ဖုန်းအသုံးပြုသူများမှာ ဆွေသဟာ အစီအစဉ်ကို အသုံးပြု၍ရနိုင်သော်လည်း အခြားသော ဖုန်းအမျိုးအစားများမှာ ဆွေသဟာ အစီအစဉ်ကို အသုံးပြု၍ မရနိုင်သည်များရှိကြောင်း၊ ထိုအတွက် အဆင့်မြှင့်တင်ပေးမည့် အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။ “ကျွန်တော်တို့ အသုံးပြုသူတွေအတွက်  ပိုပြီးလွယ်ကူ အဆင်ပြေစေအောင် ဆောင်ရွက်ပေးမယ့် အစီအစဉ်တွေ၊ အဆင့်မြှင့်တင်ဖို့တွေ ရှိပါတယ်” ဟု ဆက်လက်ပြောကြားသည်။

MPT ၏ 4G ဝန်ဆောင်မှုဝန်ဆောင်မှုကို သတ်မှတ်နေရာများတွင် စတင်အသုံးပြုနိုင်ပြီဖြစ်ပြီး ၂၀၁၇ ခုနှစ် အစောပိုင်းတွင် အော်ပရေတာများအတွက် အသင့်တော်ဆုံး ဖြစ်သည့် Spectrum လှိုင်းနှုန်းစဉ်ကို အစိုးရမှ ခွင့်ပြုချက်ချပေးချိန်တွင် 4G ဝန်ဆောင်မှုအတွက် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ဆိုသည်။

လက်ရှိအချိန်တွင် ရန်ကုန်နှင့် နေပြည်တော်တို့တွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် ဂျန်းရှင်းမော်တင်၊ ဂျန်းရှင်းစကွဲ၊ တော်ဝင်စင်တာ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 1 & 2, ဆူးလေ MPT Branded Shop, မြန်မာပလာဇာ (မကြာမီ) တို့တွင် စတင်အသုံးပြုနိုင် ပြီဖြစ်ပြီး နေပြည်တော်တွင် ဂျန်းရှင်းစင်တာနှင့် Capital Hyper Market တို့တွင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။


Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com