လာမည့် အောက်တိုဘာလ ၉ ရက်နေ့ တနင်္ဂနွေနေ့တွင် Yangon Job Fair 2016 အမည်ဖြင့် ပြည် လမ်းမကြီးပေါ် အင်းယားကန်ဘောင်ဘေးတွင် တည်ရှိသော International Business Center(IBC) တွင် မနက် ၉ နာရီမှ ညနေ ၄ နာရီ အထိကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ဦးစီးကျင်းပပြုလုပ်သော work.com.mm မှ ယခု ပြုလုပ်မည့် အလုပ်အကိုင်ပြပွဲတွင် အရည်အချင်း ပြည့်မှီသော အလုပ်အကိုင် ရှာဖွေနေသူပေါင်း ၄၀၀၀ မှ ၆၀၀၀ ထိလာရောက်လိမ့်မည်ဟု ခန့်မှန်းထားသည်။

အဆိုပါ အလုပ်အကိုင်ပြပွဲကြီးတွင် မြန်မာနိုင်ငံ၏ အိုင်တီနှင့် နည်းပညာ ဦးဆောင် ကုမ္ပဏီ တစ်ခု ဖြစ်သည့် InyaLand  နှင့် နယ်သာလန်နိုင်ငံအခြေစိုက် NGO အဖွဲ့အစည်းဖြစ်သော MSF-Holland ၊ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကုမ္ပဏီများဖြစ်သော Ooredoo ၊MPT တို့အပြင်  Tharaphu Soe Myint  Co.,Ltd တို့မှလည်း အဓိက စပွန်ဆာများအဖြစ်ပါဝင်ထားသည့်အပြင် အခြားသော ကုမ္ပဏီများ ဖြစ်သည့်  CHO CHO COMPANY LIMITED, Asian E-Trade Consultant Company Limited, Sea Lion Co.,Ltd, Nielsen MMRD Co.,Ltd,APB Alliance Brewery Company Limited (Heineken) နှင့် အခြားသော ကုမ္ပဏီများ လည်း ပါဝင်သည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအလုပ်အကိုင် အခွင့်အလမ်းပြပွဲကြီးကို စတင်ကျင်းပခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းရှာဖွေသူပေါင်း ၄၀၀၀၀ ကျော်အား ကုမ္ပဏီများနှင့် ချိတ်ဆက်ပေးနိုင်ခဲ့သည်။

ယခုထပ်မံပြုလုပ်သော Yangon Job Fair 2016 တွင် အလုပ်အကိုင်ရှာဖွေသူများအတွက် မည့်သည့်ကုမ္ပဏီများမှ မည်သို့သော အလုပ်အကိုင်ရာထူးများအား ခေါ်ယူနေသည်ကို အဆိုပါ ပြပွဲနေ့မှာပင် သိရှိနိုင်မည်ဖြစ်သည်။ အလုပ်အကိုင်အခွင့်အရေးရှာဖွေသူများ အနေဖြင့် မိမိ လျှောက်ထားလိုသော အလုပ်အကိုင်များကို တိုက်ရိုက်အလုပ်လျှောက်လွှာတင်နိုင်မည့်အပြင် ပါဝင်သော ကုမ္ပဏီများမှ ၎င်းတို့ခေါ်ယူမည့် အလုပ်အကိုင်လျှောက်ထားသူများကို ချက်ချင်း အင်တာဗျူးမည့် အစီအစဉ်များလည်း ပါဝင်သွားမည်ဖြစ်သည်။

Yangon Job Fair 2016 တွင်ပါဝင်သော ကုမ္ပဏီများမှ Sale, marketing, finance, HR, engineering, logistics, medical related position (Nursing, etc) စသည့် နယ်ပယ်များမှ အလုပ်အကိုင်အခွင့်အလမ်း အများအပြားအား ခေါ်ယူသွားမည် ဖြစ်သည်။

Yangon Job Fair 2016 တွင်ပါဝင်လိုသောကုမ္ပဏီများနှင့် ခေါ်ယူရန်ရှိသော အလုပ်အကိုင် ရာထူးများကို https://www.facebook.com/events/1837683516447574/?active_tab=posts တွင် အသေးစိတ် ကြည့်ရှုနိုင်သည့်အပြင် ၀၉၄၀၁၅၁၇၃၀၃ အားလည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။