10/06/2016

♪ Xiaomi Mi Note 2 ကြော်ငြာအရ ဖုန်း၏ကျောဘက်တွင် ကင်မရာနှစ်ခု ပါဝင်ဖွယ်ရှိ ♫


အွန်လိုင်းတွင် ပေါက်ကြား ထွက်ပေါ်လာသော ကြော်ငြာတစ်ခုအရ Xiaomi Mi Note 2 တွင် ကျောဘက် ကင်မရာနှစ်ခု ပါဝင်လာမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ sensor များကို တပ်ဆင်ထားသည့် နေရာသည် iPhone 7 Plus တွင် တပ်ဆင်ထားသည်နှင့် တူညီသည်။

ကောလာဟလ သတင်းများတွင်မူ Xiaomi Mi Note 2 တွင် Snapdrgon 821 SoC နှင့် ၅.၇ လက်မ display ဖြင့် အသုံးပြုနိုင်မည်ဟု ဖော်ပြထားသည်။ ကျောဘက်တွင် 13MP dual rear camera setup ပါဝင်ပြီး အရှေ့ဘက်ကင်မရာက 8MP ဖြစ်ကာ 6GB/64GB နှင့် 8GB/256GB အမျိုးအစားများဖြင့် ရရှိနိုင်မည်ဟု ဆိုသည်။

Xiamoi Mi Note 2 ကို ယခုလ သို့မဟုတ် နိုဝင်ဘာလတွင် တရားဝင်မိတ်ဆက် ဖွယ်ရှိသည်။


Credit to ==> Internet Journal
 

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com