10/20/2016

♪ ကွေးညွတ်နိုင်တဲ့ Touchscreen ဖုန်းတွေကို Xiaomi ထုတ်လုပ်ဖွယ်ရှိနေ ♫


Lenovo, Samsung, LG တို့ရဲ့ နောက်မှာ Xiaomi ဟာ ကွေးဆန့်နိုင်တဲ့ စမတ်ဖုန်းမျက်နှာပြင်တွေကို ထုတ်လုပ်ဖို့အတွက် အာရုံစိုက်လာခဲ့ပြီဖြစ်ပါတယ်။ ဒီသတင်းကို အတည်ပြုနိုင်တဲ့ Prototype အကြိုထုတ်ကုန်ရဲ့ပုံစံဟာ အွန်လိုင်းမှာ ပေါက်ကြားလာခဲ့တာပါ။

ဒီဗီဒီယိုကို ပြီးခဲ့တဲ့အပတ်လောက်ကတည်းက အွန်လိုင်းမှာ တင်ခဲ့တာဖြစ်ပြီး တကယ် Xiaomi ရဲ့ ထုတ်ကုန်ဖြစ်နိုင်ခြေရှိနေပါတယ်။ စက္ကန့်၃၀ကြာမြင့်တဲ့ ဗီဒီယိုအနေဟာ တရုတ် ဗီဒီယိုမီဒီယာတစ်ခုကနေ ထွက်ပေါ်လာခဲ့တာပါ။

xiaomi-bendable-touchscreen2

ကွေးညွတ်မျက်နှာပြင်ပါဝင်မယ့် ဖုန်းတွေဟာ အနာဂါတ်ရဲ့ စမတ်ဖုန်းတွေမှာ ပါဝင်လာတော့မယ့် လုပ်ဆောင်ချက်တစ်ရပ်အဖြစ် ပြောင်းလဲလာနိုင်ပြီး Bloomberg ရဲ့ဒီနှစ်အစောပိုင်း သတင်းတစ်ရပ်အရ Samsung အနေနဲ့ ကွေးညွတ်နိုင်တဲ့ OLED မျက်နှာပြင်ပါဝင်မယ့် ဖုန်းအမျိုးအစားသစ်နှစ်မျိုးကို လာမယ့် ၂၀၁၇ခုနှစ်မှာ ထုတ်လုပ်ဖို့ရှိနေတယ်လို့ ဆိုပါတယ်။

အဲ့ဒီအထဲက မော်ဒယ်တစ်ခုဟာ တစ်ဝက်အထိ ခေါက်ချိုးနိုင်ပြီး နောက်တစ်ခုကတော့ မျက်နှာပြင်အကျယ် ၅လက်မပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဗီဒီယိုကို ကြည်ရှုဖို့အတွက် ဒီနေရာကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။


Credit to ==> Digital Times
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com