10/09/2016

♪ မိုဘိုင်း Top-up ပိုက်ဆံ လဲလှယ်ရယူနိုင်သည့် - CASHCOW မိုဘိုင်း App စတင်မိတ်ဆက် ♫


ဖုန်း၏ Lockscreen မျက်နှာပြင်မှ ကြော်ငြာများကို ကြည့်ရှုပြီး ရရှိသည့် Point များဖြင့် မိုဘိုင်း Top-up ပိုက်ဆံ လဲလှယ်ရယူနိုင်သည့် CASHCOW မိုဘိုင်း App ကို Google PlayStore တွင် အခမဲ့ ရယူအသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

စတင်မိတ်ဆက်ခြင်း အထူးအစီအစဉ်အဖြစ် အောက်တိုဘာလ ၈ ရက်နှင့် ၉ ရက်တွင် ရန်ကုန်မြို့ရှိ နေပြည်တော်ရုပ်ရှင်ရုံနှင့် လှည်းတန်း စံရိပ်ငြိမ်မှတ်တိုင်အနီးတွင် ဖွင့်လှစ်ထားသည့် ဂမုန်းပွင့်ကုန်တိုက်တို့ရှိ Mingalar Cinema တို့တွင် ကျပ် ၁ဝဝဝ တန်ကူပွန်များ ရယူနိုင်မည့် ပရိုမိုးရှင်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"CASHCOW App ကို ဖုန်းထဲမှာ Download ပြုလုပ်ထည့်သွင်းပြီး Sign up ထားကြောင်း ပြသရုံနဲ့ ၁ဝဝဝ ကျပ်တန် Gift ကူပွန်ရရှိမှာပါ။ ဒီကူပွန်ကို ရုပ်ရှင် လက်မှတ်ဝယ်တဲ့နေရာမှာ သုံးနိုင်မှာဖြစ်တဲ့အပြင် ဝယ်ပြီးသားသူတွေဆိုရင်လည်း အအေး ဒါမှမဟုတ် မုန့်ကို လဲလှယ်ရယူနိုင်မှာဖြစ်ပါတယ်။ ဒီကူပွန်တွေကို ပရိုမိုးရှင်းရက်မှာပဲ အသုံးပြုနိုင်မှာပါ။ ရုပ်ရှင်ရုံတစ်ရုံအတွက် တစ်နေ့ကို ကူပွန်စောင်ရေ ၅၀၀ ပဲ သတ်မှတ်ထားပါတယ်" ဟု CASHCOW Myanmar မှာ အင်တာနက်ဂျာနယ်သို့ ပြောသည်။

၎င်း App သည် ဖုန်း၏ Lockscreen ကို ကြော်ငြာကြည့်ရှုနိုင်သည့် Billboard အဖြစ်သို့ ပြောင်းလဲပေးမည်ဖြစ်သည်။ အဆိုပါ App ကို Android OS စနစ်သုံး ဖုန်းများတွင်သာ ထည့်သွင်းအသုံးပြုနိုင်ဦးမည်ဖြစ်ပြီး iOS စနစ်သုံး ဖုန်းများတွင် မကြာမီ အသုံးပြုနိုင်မည်ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက www.facebook.com/cashcowmyanmar တွင် ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်သည်။


Credit to ==> Internet Journal

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com