10/06/2016

♪ ကီးဘုတ်နှင့် stand ပါဝင်ပြီး ခေါက်ထားနိုင်သော tablet အတွက် မူပိုင်ခွင့်ကို Samsung လျှောက်ထား ♫


Samsung သည် built-in ကီးဘုတ်နှင့် stand တစ်ခုပါဝင်ပြီး ခေါက်ထားနိုင်သော tablet အတွက် မူပိုင်ခွင့် လျှောက်ထားခဲ့သည်။ ပုံတွင်ဖော်ပြ ထားချက်အရ tablet ၏ကျောဘက်တွင် kick stand တစ်ခုပါဝင်ပြီး keyboard မှာလည်း ခေါက်ထားနိုင်သည်။

အဆိုပါ tablet တွင် ခေါက်ထားနိုင်သော အပိုင်း ၃ ခုပါဝင်ပြီး ဖြန့်လိုက်သည့်အခါတွင် ကြီးမားသော display ဧရိယာတစ်ခု ဖြစ်ပေါ်လာမည် ဖြစ်ကြောင်းသိရသည်။ Samsung အနေဖြင့် tablet ကို မည်သည့် အရာဝတ္ထုဖြင့် ပြုလုပ်မည်ကို မသိရသေးပေ။ လက်ရှိတွင် ပုံတွင်ဖော်ပြ ထားချက်အရ ခေါက်ထားနိုင်သော tablet ပုံစံကိုသာ မြင်တွေ့ရသေးသည်။

သို့သော်လည်း မူပိုင်ခွင့်သဘောအရ Samsung အနေဖြင့် ထိုကဲ့သို့ ထုတ်ကုန်များကို ဈေးကွက်သို့ တင်ပို့ရောင်းချမည်မှာ မသေချာသေးပေ။


Credit to ==> Internet Journal
 

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com