Sony ရဲ့ Xperia Z ကစ လို့
ထပ်မံထွက်ရှိသမျှ Z Series တွေအားလုံးဟာ Android Smartphone ဈေးကွက် မှာ
အောင်မြင်မှုတွေရရှိခဲ့ပြီး ကင်မရာ ပိုင်း၊ ရေစိုခံမှုနဲ့ အခြားဖုန်းတွေနဲ့
ခွဲထွက်တဲ့ ကိုယ်ပိုင် ဒီဇိုင်းပုံစံတို့ ကြောင့် လူကြိုက်များကြပါတယ်။
Sony Xperia Z Series တွေရဲ့ နောက်ဆုံးထွက်စမတ်ဖုန်းကတော့ ပြီးခဲ့တဲ့
စက်တင်ဘာလ (၃၀) ရက်နေ့ကမှ ထွက်ရှိထားတဲ့ Xperia XZ ဖြစ်ပြီး
စတင်ထွက်ရှိလာတဲ့ နေ့ကတည်းက ၄င်းရဲ့ Feature အသစ်တွေကြောင့်
လူကြိုက်များလို့နေပါတယ်။ နည်းပညာ Website တစ်ခုဖြစ်တဲ့ Forbes.com က Sony
Xperia XZ ကို ဝယ်ယူသင့်တဲ့ အကြောင်းပြချက် (၅) ချက်ကိုရေးသား
ဖော်ပြခဲ့ပြီး အဲ့အချက် (၅) ချက်လုံးဟာ စမတ်ဖုန်း အသုံးပြုသူတွေအတွက်
စိတ်ကျေနပ်စရာအကောင်းဆုံး အချက်တွေဖြစ်လို့နေပါတယ်။
Video Stabilization
အခုခေတ်မှာ ဘယ်နေရာရောက်ရောက် အချိန်မရွေး
အလွယ်တကူ မှတ်တမ်းတင်နိုင်ဖို့အတွက် စမတ်ဖုန်း တွေနဲ့
ဗီဒီယိုရိုက်ကူးမှုတွေ ပြုလုပ်လာကြတာတွေ့ရပါတယ်။ ဒါ့အပြင် Facebook လိုမျိုး
Social Media ပေါ် ကို မိုဘိုင်းဖုန်းကနေ Live Video တင်တာတွေလည်း
ခေတ်စားလာတဲ့အတွက် မိုဘိုင်းဖုန်းရဲ့ Video အရည်အသွေး ကောင်းမွန်ဖို့ဆိုတာ
အထူးလိုအပ်ချက်တစ်ခုလို ဖြစ်လာပါတယ်။ အခု Sony Xperia XZ မှာတော့ Video
အရည်အသွေးကောင်းမွန်ဖို့အတွက် Sony A7 II DSLR ကင်မရာရဲ့ အရည်အသွေး ဖြစ်တဲ့
5-axis Stabilization နည်းပညာကို အသုံးပြုထားတဲ့အတွက် ကြည်လင်ပြတ်သားတဲ့
ဗီဒီယို အရည်အသွေးတွေ ကို ဖမ်းယူရရှိနိုင်မှာဖြစ်ပါတယ်။
Camera
စမတ်ဖုန်းတစ်လုံးကို ဝယ်တော့မယ်ဆိုရင်
ကင်မရာ အရည်အသွေးကို အသားပေးရွေးချယ်ကြတဲ့ ခေတ်မှာ Sony ရည် စမတ်ဖုန်းတွေဟာ
ကင်မရာ နဲ့ပတ်သတ်လို့ လူကြိုက်အများဆုံးဖြစ်ပြီး iPhone တွေမှာတောင် Sony
ရဲ့ ကင်မရာ ကို တပ်ဆင်အသုံးပြုရလောက်အောင် ကင်မရာပိုင်း အားသာချက်က
ထင်ရှားပါတယ်။ အခု Xperia XZ မှာလည်း Z5 ရဲ့ ကင်မရာကို Feature
အသစ်တွေပေါင်းထည့်ထားပြီး 23MP ရှိတဲ့ နောက် ကင်မရာ မှာ Exmor RS ကင်မရာရဲ့
Sensor ကို အသုံးပြုထားတဲ့အတွက် ဓာတ်ပုံတွေကို DSLR ကင်မရာနဲ့ ရိုက်တဲ့
အရည်အသွေး မျိုးရရှိနိုင်မှာဖြစ်ပြီး ရှေ့ကင်မရာကလည်း 13MP ရှိပြီး 1/3
inch sensor ကိုသုံးထား တဲ့အတွက် Selfie photo တွေ Video တွေအတွက်
အကောင်းဆုံးအရည်အသွေးတစ်ခုဖြစ်ပါတယ်။ Selfie အသားပေးထုတ်လုပ်ထားတဲ့ Oppo
F1s ရဲ့ 16MP အရှေ့ကင်မရာနဲ့တောင် နှိုင်းယှဉ်စရာဖြစ်လာပါတယ်။
Intelligent Charging
သင့်ဖုန်းရဲ့ Battery ကို သုည
ရာခိုင်းနှုန်း(ပါဝါပိတ်တဲ့အထိ) အသုံးပြုခြင်းနဲ့
(၁၀၀)ရာခိုင်းနှုန်းအထိအားသွင်း ခြင်းက ဖုန်းရဲ့ Battery သက်တမ်းကို
လျော့ကျစေပါတယ်။ ဖုန်းအသုံးပြုသူအတော်များများက မနက်မိုးလင်း တဲ့အခါ
ဖုန်းအားပြည့်နေစေဖို့ ညဘက်မှာ အားသွင်းပြီး အိပ်ကြတာများပါတယ်။ အဲ့ဒါက
ဖုန်းရဲ့ Battery ကို ပျက်စီးနိုင်မယ့် အလားအလာ အလွန်များပါတယ်။ Sony
အနေနဲ့ အဲ့ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Battery Care Feature ကို Xperai
XZ မှာ ထည့်သွင်းပေးထားတာတွေ့ရပါတယ်။ သင့်ရဲ့ ခေါက်ရိုးကျိုးနေတဲ့ အားသွင်း
မှု ပုံစံတွေမှာ ဖုန်းရဲ့ Battery ကို ထိခိုက်မှုမရှိစေဖို့ ဖုန်းရဲ့ OS
ကအလိုလို ချိန်ညှိပေးသွားမှာဖြစ်ပါတယ်။ ဥပမာ တစ်ညလုံးအားသွင်းပြီး
အိပ်တဲ့အခါ မျိုးမှာ ဖုန်းက (၁၀၀) ရာခိုင်နှုန်းအထိ အားမသွင်းဘဲ (၉၀)
ရာခိုင်းနှုန်း အထိသာ အားသွင်းပေးထားမှာဖြစ်ပါတယ်။ ဒါ့အပြင် Battery
သက်တမ်းကြာရှည် အသုံးခံသလို Quick Charging စနစ်လည်းပါဝင်ပါသေးတယ်။
Waterproof
Android စမတ်ဖုန်းတွေမှာ ရေစိုခံတဲ့
နည်းပညာကို Xperia Z နဲ့ အတူ Sony က ရှေ့ဆောင်လမ်းပြ ခဲ့တာဖြစ်ပါတယ်။ အခု
Xperia XZ မှာလည်း IP68 waterproof နည်းပညာကိုသုံးထားတဲ့အတွက် ရေအောက်
(၁)မီတာ အနက်နဲ့ သဲကန္တာထဲက သဲမုန်တိုင်းအလယ်မှာတောင် နာရီဝက်(မိနစ် ၃၀)
တိတိခံနိုင်ရည်ရှိပါတယ်။ တစ်ခု သတိထားရမှာက ပင်လယ်ထဲကို မယူသွားဖို့ပါပဲ။
ရိုးရိုးရေချိုကိုသာ ကာကွယ်ပေးနိုင်ပေမယ့် ဆားငံရည်ကို ကာကွယ်မပေးနိုင်တဲ့
အတွက်ဖြစ်ပါတယ်။
New Better Design
Sony အနေနဲ့ သူ့ရဲ့ Z series
တွေအားလုံးရဲ့ ဒီဇိုင်းပုံစံ ခွက်ထဲက ရုန်းထွက်ပြီး Xperia XZ မှာတော့
metallic design အသစ်ကိုအသုံးပြုထားပါတယ်။ ဒီဇိုင်းပုံစံအသစ်က မျက်လုံး
အမြင်နဲ့ တင် ပိုပြီးတော့ စမတ်ကျလာတယ်လို့ ခံစားစေနိုင်အောင် ဖန်တီးထားပြီး
လက်ထဲမှာ ကိုင်တွယ်ရတာလည်း သက်သောင့် သက်သာရှိစေပါတယ်။ Fingerprint ကလည်း
ဖုန်းရဲ့ ဘေးဘက်မှာ ထားထားတဲ့ အတွက် ဖုန်းကို ဖွင့်ဖို့အတွက် ပိုမိုလွယ်ကူ
မြန်ဆန်စေမှာဖြစ်ပါတယ်။
ပြည်တွင်းဈေးကွက်ထဲမှာလည်း ဝယ်ယူရရှိနိုင်ပြီး ဈေးနှုန်းအနေနဲ့ (၇)သိန်း ခွဲ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
www.pyaephyo.com