10/09/2016

♪ " Samsung မှ Galaxy A8 (2016) အား တရားဝင်ကြေညာ " ♫


ယခုရက်များအတွင်း ဆက်တိုက်ဆိုသလို သတင်းများထွက်ပေါ်နေခဲ့သည့် Galaxy A8 (2016) အား Samsung မှ တရားဝင်ကြေညာပေးခဲ့ပြီဖြစ်သည်။ ဒီဇိုင်းအရ ယခင်မျိုးဆက်များနှင့်ဆင်တူခဲ့ပြီး ပါးလွှာသော metal uni body ဒီဇိုင်းဖြင့်ဖန်တီးခဲ့ကာ စွဲမက်စရာဖြစ်လာခဲ့သည်။

၅.၇ လက်မ AMOLED 1080p resolution ရှိ display ပါဝင်ပြီး RAM 3 GB နှင့် storage 32GB ပါဝင်ကြောင်းလည်းသိရသည်။ Chipset မှာ ယမန်နှစ်၏ ထိပ်တန်းစမတ်ဖုန်း S6 မှဖြစ်ကာ Samsung Exynos 7420 သည် ယနေ့ထိတိုင် စွမ်းဆောင်ရည်မြင့်မားဆဲဖြစ်ပြီး Cortax A53 Core ၄ ခုနှင့် Cortex A57 cores ၄ ခုဖြင့် တည်ဆောက်ထားကာ 14nm process ဖြင့်ထုတ်လုပ်ထားခြင်းဖြစ်သည်။ ကင်မရာအတွက် Galaxy A8 (2016) တွင် 16MP ကင်မရာအဓိကပါဝင်ကာ ရှေ့ဘက်တွင် 8MP ကင်မရာပါဝင်ခဲ့သည်။ အသေးစိတ်အချက်အလက်များ မသိရှိရသေးသော်လည်း Galaxy S6 ၏ ကင်မရာနှင့်ဆင်တူနိုင်ကြောင်း ခန့်မှန်းကြသည်။

Android 6.0, Marshmallow ကိုသုံးထားပြီး Note 7 တွင် ပါဝင်ခဲ့သော Grace UX ပါဝင်ခဲ့သည်။ Always On Display ကိုလည်းသုံးနိုင်ပြီး home ခလုတ်နေရာတွင် Fingerprint sensor ပါဝင်ကာ Samsung Pay ဖြင့် တွဲဖက်သုံးစွဲနိုင်ကြောင်းသိရသည်။ 3300 mAh ဘက်ထရီကိုသုံးစွဲထားသည်။ အပြည်ပြည်ဆိုင်ရာသို့ဖြန့်ချိ မည့် အခြေအနေအား မသိရသေးဘဲ ကိုရီးယားတွင် ကြိုတင်မှာယူမှုပြုလုပ်နိုင်ပြီဖြစ်ကာ အောက်တိုဘာ ၁ ရက်မှ စတင်မည်ဟုသိရသည်။ အပြာရောင်ကိုသာ pre-order တွင်တွေ့ရပြီး KRW 649,000 (သို့) ဒေါ်လာ ၅၈၀ ၀န်းကျင်ရှိကြောင်း သိရသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com