10/07/2016

♪ အသစ်လဲလှယ်ထားတဲ့ Note 7 ဖုန်း ထပ်မံပေါက်ကွဲ ♫


အမေရိကန်ပြည်ထောင်စု၊ Southwest Airlines ရဲ့ လေယာဉ်ပေါ်မှာ အစားထိုးလဲလှယ်ထားတဲ့ Samsung Galaxy Note 7 ဖုန်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းတွေက ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ကို ဖက်ဒရယ်ထောက်လှမ်းရေးတွေဟာ အမေရိကန်စားသုံးသူ ကာကွယ်ရေးအသင်းနဲ့ ပူးပေါင်းပြီး ဘယ်လိုဖြစ်တယ်ဆိုတာကို ပြင်းပြင်းထန်ထန် စုံစမ်းနေတယ်လို့ သိရပါတယ်။

“CPSC အနေနဲ့ ဒီဖြစ်အရပ်အတွက် စုံစမ်းစစ်ဆေးမှုတွေကို အဆောတလျင်လုပ်ဆောင်နေပါတယ်” လို့ ကော်မရှင်ဥက္ကဌ Elliot F. Kaye က The Verge ကိုပြောကြားပါတယ်။ “သတင်းတွေနဲ့ အတူ ခရီးသည်တွေဟာ လေယာဉ်ပေါ်ကနေ အန္တရာယ်တစ်စုံတစ်ရာမရှိပဲ ဆင်းသက်နိုင်ခဲ့ပါတယ်၊ အေဂျင်စီ ဝန်ထမ်းတွေအနေနဲ့ FAA နဲ့ Samsung ကို အထောက်အထားတွေနဲ့ တကွရောက်ရှိခဲ့ကြပါပြီ” လို့ CPSC ကပြောကြားခဲ့ကြတာပါ။ ဖုန်းနဲ့ပတ်သက်ပြီး ဆိုးရွားတဲ့ အတွေ့အကြုံတစ်ခု ဖြစ်ပေါ်ခဲ့တယ်လို့ ပိုင်ရှင်ဖြစ်သူက ဆိုပါတယ်။



 “သူ့မှာ လဲလှယ်ထားတဲ့ Note 7 ဖုန်းရှိပါတယ်။ ဖုန်းဟာ ရုတ်တရက်ပါဝါကျဆင်းသွားခဲ့တာပါ” လို့ Kaye ကဆိုပါတယ်။ ဖုန်းက အစိမ်းရောင်ပါဝါမီးဟာ ကျဆင်းသွားတာကြောင်း လေယာဉ်ဝန်ထမ်းတွေကို ပြောခဲ့ပြီး ခဏကြာတော့ မီးခိုးတွေအများကြီး ထွက်ရှိလာခဲ့တာကြောင့် ဖုန်းကို လေယာဉ်ကြမ်းပြင်ပေါ် လွှတ်ချခဲ့ရတာဖြစ်ပါတယ်။ လေယာဉ်က ချက်ချင်းပဲ လုံခြုံရေးဆိုင်ရာ သတိပေးမှု ပြုလုပ်ခဲ့ပြီး လေယာဉ်ရဲ့ Louisville ကနေ Baltimore ကိုသွားမယ့် နောက်ရီးစဉ်ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။

ပိုမိုစိုးရိမ်ဖွယ်ကောင်းသွားတဲ့အချက်ကတော့ Samsung ရဲ့ ဘက်ထရီ ပြဿနာကြောင့် အသစ်လဲလှယ်ထားတဲ့ ဖုန်းကအခုလိုဖြစ်ပွားခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီပထမဆုံး ဖြစ်ရပ်ဟာဆိုရင် လဲလှယ်ထားတဲ့ ဖုန်းတွေမှာတောင်မှ ယခုလိုပြန်လည်းဖြစ်ပွား ခဲ့တာကြောင့် ပြန်လည်စိုးရိမ်ဖွယ် အနေအထား ဖြစ်ပေါ်ခဲ့ တာပါ။ Samsung အနေနဲ့ ဒီမတိုင်မီက ပြဿနာဖြစ်ပွားမှုမျိုး ထပ်မံမဖြစ်ရအောင် အစားထိုးလဲလှယ်ထားတဲ့ ဖုန်းသစ်တွေကို ဓာတ်မှန်စနစ်နဲ့ စစ်ဆေးထားကြောင်းလဲ ပြောခဲ့ပါသေးတယ်။


Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com