10/12/2016

♪ Note 7 ရောင်းချမှုကို ရပ်ဆိုင်းလိုက်ပြီး ဖုန်းသုံးစွဲမှုကိုလည်း လုံးဝရပ်တန့်ကြဖို့ Samsung သတိပေးလိုက်ပြီ ♫


Samsung ဟာ နောက်ဆုံးမှာတော့ သူတို့ထုတ်လုပ်ခဲ့တဲ့ အကောင်းဆုံးလို့သတ်မှတ်ခဲ့တဲ့ ဖုန်းအပေါ် လက်လျှော့လိုက်ပြီ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Galaxy Note 7 ဖုန်းကို ပြန်လည်အစားထိုးလဲလှယ် ထားတဲ့ ဖုန်းတွေဟာ ပြန်လည် မီးလောင် ပေါက်ကွဲခဲ့တာကြောင့် ပြသနာတွေကို ထပ်မံဖြစ်ပွားလာခဲ့ လို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် Samsung ဟာ ရှင်းမရနိုင်အောင် ရှုပ်ထွေးနေတဲ့ Galaxy Note 7 ဖုန်း အရှုပ်တော်ပုံကို လတ်တလော ဖြေရှင်းတဲ့အနေနဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့ ညနေပိုင်းလောက်တုန်းက သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ပြီး သုံးစွဲသူတွေအနေနဲ့ Original Note 7 ဖုန်းတွေ၊ လဲလှယ်ပြီးဖုန်းတွေအကုန်လုံးကို လတ်တလောမှာ အသုံးမပြုပဲ ပါဝါပိတ်ထားဖို့အတွက် တောင်းဆိုခဲ့တာဖြစ်ပါတယ်။ \

အဲ့ဒီအပြင် ဒီနေ့က စတင်ပြီး Note 7 ဖုန်းရောင်းချမှုတွေကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း လဲ ပြောကြားခဲ့ပါတယ်။ အဆိုပါသတင်းကတော့ မနေ့ကတည်းကရင်း သတင်းတွေက အခိုင်အမာ ပြောကြားနေခဲ့ကြတာဖြစ်ပြီး ယခုမှ တရားဝင်အနေနဲ့ သတင်းထုတ်ပြန်ခဲ့တာပါ။


တောင်ကိုးရီးယား အာဏာပိုင်တွေအနေနဲ့ ထုတ်ကုန်အသစ်တွေဖြစ်တဲ့ Note 7 ဖုန်းတွေဟာလည်း အခုလို ဖြစ်ရပ်ဆိုးတွေ ကြုံတွေ့နေရကြောင်း ပြောကြားခဲ့ပြီး ဘယ်လိုမျိုး ဆိုးကျိုးတွေဖြစ်ပေါ်ခဲ့တယ်ဆိုတာ ကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

samsung-galaxy-note-7-12

Samsung ရဲ့ ရှယ်ယာတွေဟာလည်း ဒီအင်္ဂါနေ့မှာ ၇.၅ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး တန်ဖိုး ဒေါ်လာ ၁၈သန်းခန့် တန်ကြေးရှိခဲ့ပါတယ်။ ဒီလိုရှယ်ယာဈေးနှုန်းကျဆင်းမှုဟာ ပြီးခဲ့တဲ့ ၂၀၀၈ကတည်းက ဆိုရင် နေစဉ်ရှယ်ယာဈေးနှုန်း အနိမ့်ဆုံးအဖြစ် ကျဆင်းသွားတာပါ။

အမေရိကန်စားသုံးသူကာကွယ်ရေး ကော်မရှင်ဟာလည်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ရက် ကတည်းက ဖြစ်ပွားခဲ့တဲ့ ဖုန်းပေါက်ကွဲမှု ၅မှုကို ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့ပါတယ်။


 
Credit to ==> Digital Times

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com