10/01/2016

♪ “LeEco က စွမ်းရည်မြင့် Le Pro 3 ကိုမိတ်ဆက်” ♫


LeEco က စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းအသစ်တစ်လုံးကိုမိတ်ဆက်လိုက် ပါတယ်။ Le Pro 3 လို့ အမည်ပေးထား ပြီး ၅.၅ လက်မ Full HD IPS LCD Display တပ်ဆင်ထားပြီး 2.5D မျက်နှာပြင်ကွေးကိုအပေါ်ကနေအုပ်မိုးထား ပါတယ်။ Qualcomm ရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် Snapdragon 821 SoCမောင်းနှင်မှာ ဖြစ်ပါတယ်။

6GB RAM / 128GB Storage Model များ အထိရွေးချယ်နိုင်ပါတယ်။ အနောက်ဘက်မှာ PDAF နည်းပညာပါတဲ့ 16MP Main Camera တပ်ဆင် ထားပါတယ်။ ကင်မရာမှာ Beauty Mode, Gender Recognition နဲ့ ကြည်လင်ပြတ်သားမှုကို မြှင့်တင်ပေးတဲ့ စွမ်းရည်များ ပါရှိ ပါတယ်။ အရှေ့ဘက်မှာ 8MP Camera တပ်ဆင်ထားပါတယ်။ 4070mAh Battery တပ်ဆင်ထားပြီး လျင်မြန်စွာ အားသွင်းနိုင်တဲ့ 24W QuickCharge 2.0 ပါပါတယ်။

မိနစ် ၃၀ အတွင်းမှာ ၅၀ ရာခိုင်နှုန်းအားဖြည့်ပေးနိုင်ပါတယ်။ ကိုယ်ထည်ကို သတ္တု ၉၈ ရာခိုင်နှုန်းဖြင့် တည်ဆောက်ထားတယ်လို့ ပြောပါ တယ်။ အနောက်ဘက်မှာလက်ဗွေရာစစ်ဆေးတဲ့ ကိရိယာတပ်ဆင်ထား ပါတယ်။ USB Type-C Port ကြောင့် ဒေတာကူးပြောင်းရာမှာ လျင်မြန်မှာပါ။ Dual SIM , 4G LTE များကိုသုံးနိုင်ပါတယ်။ Android Marshmallow အခြေပြု EUI 5.8 မောင်းနှင်မှာပါ။

တန်ဖိုးအနည်းဆုံး 4GB RAM/32GB Storage Model ကိုဒေါ်လာ ၂၇၀ နဲ့ တန်ဖိုးအများဆုံး 6GB RAM/128GB Storage Model ကိုဒေါ်လာ ၄၅၀ သတ်မှတ် ထားပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com