Google ဟာ အင်္ဂါနေ့ က သူ့ ရဲ့ Pixel စမတ်ဖုန်းတွေကို ကြေငြာခဲ့ပါတယ်။
ဒီတော့ ဒီဖုန်းဟာ Apple ရဲ့ နောက်ဆုံးထွက်ဖုန်းနဲ့ ဘယ်လိုကွာသလဲ
ယှဉ်ကြည့်ရမှာ ဖြစ်ပါတယ်။ iPhone 7 Plus ဟာ Apple ရဲ့
အကောင်းဆုံးစမတ်ဖုန်းကို ကိုယ်စားပြုပြီး Pixel XL ကတော့ Google ရဲ့
အကောင်းဆုံးဖုန်းကို ကိုယ်စားပြုထားတာကြောင့် ဒီဖုန်းနှစ်မျိုးကို
နှိုင်းယှဉ်ထိုက်တယ်လို့ ထင်ပါတယ်။

အဖက်ဖက်ကကြည့်ရင် Google ဟာ လုံးဝကွဲထွက်တဲ့ ဖုန်းနှစ်မျိုးထုတ်မယ့်အစား Apple ရဲ့ စာအုပ်ထဲက စာမျက်နှာကို ဆွဲထုတ်ခဲ့ပြီး screen size အပါအဝင် features တစ်ခု နှစ်ခု ယူပြီး မတူကွဲလွဲတဲ့ဖုန်းတစ်ခု လုပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။
Apple ရဲ့ iPhone 7 Plus ဟာ အံ့အားသင့်စရာကောင်းတဲ့ ဖုန်းတစ်လုံးဆိုတာ မမှားပါဘူး။ ဒါပေမယ့်လည်း Google ရဲ့ Pixel XL မှာ ပိုပြီးသာလွန်တဲ့ ကဏ္ဍတွေလည်း အများအပြားပါရှိပါတယ်။ လူတိုင်းအတွက် ကိစ္စမရှိပေမယ့် တစ်ချို့ လူတွေကတော့ iPhone 7 Plus အစား ငွေကြေးအရ ကြည့်ရင် သက်သာတဲ့ Pixel XL ကို စိတ်ညွှတ်ကြမယ်လို့ ထင်ပါတယ်။

ကဲ iPhone 7 Plus အစား Pixel XL ကို ဝယ်သင့်တဲ့ အကြောင်းပြချက် ၅ ခုကို တင်ပြပေးလိုက်ပါတယ်။
Quad HD Display

Pixel နဲ့ Pixel XLတို့ ဟာ display အနေနဲ့ 1080p နှင့် Quad HD AMOLED ဆိုပြီး လာပါတယ်။ အစောပိုင်း သုံးသပ်ချက်အရ ဒီ displayတွေဟာ အံ့သြဖို့ ကောင်းပါတယ်။ Daydream မှာ focus ချိန်ထားရင် Quad HD display ဟာ VR စွမ်းဆောင်ရည်တွေအတွက် အဓိကကျတဲ့ feature ဖြစ်ပြီး ဓါတ်ပုံကို ကြည်လင်ပြတ်သားအောင် ရိုက်ကူးနိုင်ပေးနိုင်ပါတယ်။
တစ်ခြားဘက်ကကြည့်ရင် Apple ဟာ 7 နှင့် 7 Plus ပေါ်မှာ 720p နှင့် 1080p ကိုပဲ ဆက်သုံးထားပါတယ်။ LCD လုပ်ဆောင်ချက်က အသိသာကြီး တိုးလာပေမယ့် အိုင်ဖုန်းထက် ပိုပြီးကောင်းတယ်လို့ သတ်မှတ်ထားပါတယ်။ 1080p ဟာ Quad HD နဲ့ တစ်ခြားစီ ပါပဲ။
Headphone Jack

သင်ဟာ နောက်ဆုံးထွက်အိုင်ဖုန်းတွေမှာ နားကြပ်ပေါက်မပါတာကို မှုစရာလို့ မထင်တဲ့ လူသန်းပေါင်းများစွာထဲက တစ်ယောက် ဖြစ်ကောင်းဖြစ်မယ်။ ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ ကိုယ့်ဖုန်းမှာ analog audio အသံရှိတာကို ကြိုက်တဲ့သူဆိုရင် iPhone 7 နှင့် iPhone 7 Plus အစား Pixel နှင့် Pixel XL ကို ဝယ်ဖို့ စဉ်းစားချင်မှာပါ။ adapter မလိုဘဲ ကိုယ့်ရဲ့ နားကြပ်အားလုံးကိုသုံးလို့ ရနိုင်ပြီး Bluetooth လည်း ကိုယ်ကြိုက်သလို ရွေးလို့ ရနိုင်ပါတယ်။ ဒီတော့ ဆုံးဖြတ်ဖို့ ကတော့ ကိုယ့်အပိုင်းပါပဲ။
Unlimited photo and video storage

ဒီနေ့ ထိအောင် Google ဟာ သုံးစွဲသူတွေ upload တင်ဖို့ အတွက် Google Photos ထားရှိပေးပြီး quality အနိမ့်နဲ့ ဗွီဒီယိုတွေ ဓါတ်ပုံတွေကို အကန့် အသတ်မရှိ တင်လို့ ရအောင် လုပ်ထားပါတယ်။ အခုဆို Pixel နှင့် Pixel XL ထုတ်တဲ့ ကုမ္ပဏီဟာ ရုပ်ထွက် resolution အပြည့်နဲ့ ဗွီဒီယိုတွေ ဓါတ်ပုံတွေ upload တင်လို့ ရနိုင်ပါပြီ။
ဒီအချက်ဟာ Apple ကို တပ်လှန့် ပေးလိုက်တာပါပဲ။ Apple ဟာ 4K ဗွီဒီယိုနဲ့ 12 MP Live ဓါတ်ပုံတွေကို အမြန်တင်ပေးနိုင်တဲ့ 5 GB ကျော်အထိ သိုလှောင်လို့ ရအောင် လုပ်နေဆဲဖြစ်ပါတယ်။ Google ကတော့ ဒီနေရာမှာ အပြတ်သာပါတယ်။
Top-rated camera

Google ကတော့ Pixel ဟာ iPhone 7 နှင့် S7 Edge ထက်သာတဲ့ DxOMark မှ အမြင့်ဆုံးလို့ သတ်မှတ်ထားတဲ့ ကင်မရာဖြစ်ပြီး ထိပ်တန်းအကျဆုံး ကင်မရာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဖုန်းလက်ထဲရောက်ပြီဆိုတာနဲ့ Note 7 နှင့် iPhone 7 Plus ကင်မရာထက် တကယ်သာမသာ ယှဉ်ကြည့်လို့ ရမှာ ဖြစ်ပါတယ်။ ဒီအချက်သာ တကယ်မှန်မယ်ဆိုရင် Google ဖုန်းတွေအတွက် အားသာချက်ကြီး တစ်ကွက်ဖြစ်ပါတယ်။ Nexus စီးရီးထုတ်တွေရဲ့ အကြီးမားဆုံးအားနည်းချက်က ကင်မရာဖြစ်ပြီး iPhones တို့ Samsung ဖုန်းတို့ နဲ့ ဘယ်အခါမှ ယှဉ်လို့ မရပါဘူး။
12.3 MP ကင်မရာဟာ အပါချာ f2 / 0 ၊ အာရုံခံ sensor ကို အလင်းပိုရအောင်လို့ ကြီးမားတဲ့ 1.55 micron pixels တွေနဲ့ လာပါတယ်။ ဒီတော့ အလင်းအားနည်းချိန်မှာ ကောင်းကောင်းရိုက်ကူးနိုင်ပြီး အံ့ဖွယ် HDR ဓါတ်ပုံတွေကို ရိုက်ကူးနိုင်ပါတယ်။ Google ဟာ လောလောဆယ်မှာ အဓိကပြဿနာ မဟုတ်သေးတဲ့ zero shutter lag ကိုလည်း အဆင့်မြှင့်တင်ထားပါတယ်။
24/7 Customer support

Pixel နှင့် Pixel XL ဟာ တစ်ပတ် ၂၄ နာရီလုံးလုံး ဖောက်သည်ဝန်ဆောင်မှု နဲ့ လာတာပါ။ တစ်ခုခုဖြစ်တိုင်း Apple Store မှာ အိုင်ဖုန်းကို အဆင်ပြေပြေဖြစ်အောင် ဝန်ဆောင်မှုပေးခြင်းဟာ အိုင်ဖုန်းနဲ့ အန်းဒရိုက်ဖုန်းတွေ အကြား ကွဲပြားတဲ့ အချက်တစ်ချက်ဖြစ်ခဲ့တာ အတော်လေး ကြာပါပြီ။ Pixel စီးရီးမှာတော့ Google ရဲ့ ဖောက်သည်ဝန်ဆောင်မှုဟာ ဖုန်းနဲ့ တသားတည်း ဝန်ဆောင်မှု ပေးပါတယ်။ Amazon Mayday လိုမျိုး ဖောက်သည်ဝန်ဆောင်မှု ပေးမယ်လို့ ဆိုပါတယ်။ ဒီဝန်ဆောင်မှုနဲ့ ပတ်သတ်လို့ review တွေရတာနဲ့ သူ့ ရဲ့ လုပ်ဆောင်ချက်ကို ပိုပြီးသိလာမှာပါ။
Wai Lin Aung (Myanmar Mobile App)

www.pyaephyo.com