10/10/2016

♪ “HTC Desire 830 Dual” ♫


<Design>
Desire 830 dual ရဲ့ခလုတ်တွေတပ်ဆင်ပြုလုပ်ထားတဲ့ပုံစံကို ကြည့်လိုက်တဲ့ အခါမှာ Desire 820 နဲ့အတော်လေး ဆင်တူတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဘေးဘောင်အ၀ိုက်ပုံစံ၊ two-tone တွေ ကတော့ ဆန်းသစ်တဲ့အသွင် အပြင် အဖြစ်ရှိနေမှာဖြစ်ပါတယ်။ ညာဘက်ဘေးဘောင်မှာ အသံအတိုး၊ အကျယ်ခလုတ်နဲ့အတူ ပါဝါခလုတ်ကို တွေ့ရမှာဖြစ်ပါတယ်။

အခြားဘက်ကို ကြည့်လိုက်မယ်ဆိုရင်တော့ sim-card ထည့်လို့ရမယ့် slot နေရာလေးကို တွေ့ရမှာပါ။ အပေါ်ဘက်မှာ ဖုံးထားတာလေးကို ခွာထုတ်လိုက်မယ် ဆိုရင် တော့ sim-card တစ်ခုချင်းစီကိုသေချာထည့်သွင်းနိုင်မယ့် Tray နှစ်ခုနဲ့အတူ Micro-SD card ထည့်ရမယ့်နေရာလေးကို တွေ့ရမှာဖြစ်ပါတယ်။ Sim-card ထည့်ဖို့အတွက် tray ထည့်ပေးတဲ့ပုံစံကို Desire 626 မှာ တည်းက စတင်သုံးစွဲ လာခဲ့တာဖြစ်ပါတယ်။ နောက်ကျောဘက်မှာတော့ 13MP ကင်မရာနဲ့အတူ flash တစ်ခုတပ်ဆင်ပေးထား ပြီး အရှေ့ဘက်မျက်နှာပြင်မှာတော့ စပီကာ နှစ်ခုကိုအထက်၊ အောက်တပ်ဆင်ပေးထားပြီး boomsound အသံ စနစ်နဲ့ နားဆင် နိုင်မှာဖြစ် ပါတယ်။

ဖုန်းရဲ့တည်ဆောက်ထားမှုပုံစံကို ကြည့်လိုက်မယ် ဆိုရင်တော့ ပေါ့ပေါ့ပါးပါးနဲ့အလွယ်တကူသယ်ဆောင် သွားနိုင်မယ့် ဒီဇိုင်း လေးပါ။ မျက်နှာပြင် ၅.၅လက်မဟာ ကိုယ်ထည်တစ်ခုလုံးရဲ့ ၆၈% လောက် ပေါ်လွင်နေစေမှာပါ။ ပုံရိပ် တစ်ခုချင်းစီအတွက် အသေးစိတ်ဖော်ပြနိုင်စွမ်းလို့ သတ်မှတ်နိုင်တဲ့ PPI ကတော့ 401 ဖြစ်ပါတယ်။ ထင်ရှားပြတ်သားတဲ့ပုံရိပ် ဖော်ပြနိုင်စွမ်းကို ရရှိနိုင်ပါလိမ့်မယ်။ မျက်နှာပြင်ဟာ 1080x1920p ဖော်ပြ နိုင်စွမ်းရှိမှာဖြစ်တာကြောင့် HD အရည်အသွေးရုပ်ရှင် တွေကို ကြည်လင် ပြတ်သားစွာ ကြည့်ရှုနိုင်ပါလိမ့်မယ်။

Sim အမျိုးအစားကတော့ HTC ဖုန်းတွေရဲ့ အစဉ်အလာအတိုင်း dual stand-by သုံးနိုင်မယ့် Nano Sim ဖြစ်တာကြောင့် အသေးဆုံးအခြေအနေ ထိရောက် အောင် လှီးဖြတ်ရပါလိမ့်မယ်။ သူ့မှာ အားသာချက်ကတော့ ဆင်းကတ်ကို ဒီအတိုင်းထိုးထည့်ရမှာမဟုတ်ဘဲ nano sim ထည့်သွင်းစရာအံဝှက် ကလေး တွေ ပါဝင်လာပါတယ်။ ဒါကြောင့် ဆင်းကတ်ကိုအံဝှက်ထဲထည့်ပြီး tray ပေါက်ထဲကို ထည့်သွင်းလိုက်ရုံပါ။ အလေးချိန်ကလည်း ၅အောင်စသာ လေး မှာဖြစ်ပြီး ပလတ်စတစ်ကိုယ်ထည်ကလည်း လက်ထဲမှာအလိုက်သင့် ရှိနေ စေမှာပါ။ အနည်းငယ် ချောမွေ့မှုကိုတော့ ခံစားရပါလိမ့်မယ်။

<Camera>
ကင်မရာရိုက်ကူးမှုအတွက်တော့ 13MP နောက်ကျောဘက်ကင်မရာဟာ ပုံရိပ်တွေကို မြန်ဆန်စွာ ဖမ်းယူနိုင်ပါလိမ့်မယ်။ ပုံရိပ်အရည်အသွေးကတော့ 4160 x 3120pixel နဲ့ရနိုင်မှာဖြစ်ပြီး ဗီဒီယိုရိုက်ကူးမယ်ဆိုရင်တော့ 1080p @30fps နဲ့ ရိုက်နိုင်ပါ လိမ့်မယ်။ 13MP ကင်မရာနဲ့ ရိုက်ကူးထားတဲ့ပုံတွေကို လည်း ပြန်လည် ပြင်ဆင်နိုင်ပါဦးမယ်။

ပုံတွေမှာ အရောင်တွေသွင်းမှု၊ ဘောင်တွေထပ်ထည့်တာတွေအပြင် စိတ်ကြိုက် ပုံစံလေးတွေနဲ့ အလင်း အမှောင်ချိန်ညှိနိုင်မှာပါ။ Motion track mode နဲ့ ရိုက်ကူးမယ်ဆိုရင်တော့ ပုံတွေဟာ ပြင်ပအရောင်အတိုင်း စိုပြည်စွာ ရရှိနိုင်မှာဖြစ်တဲ့အပြင် မိမိ ချိန်ထားတဲ့ object ရဲ့အရောင် ကိုပါ လိုက်ညှိပေးပါလိမ့်မယ်။ Live Photo ကတော့ ရိုက်လိုက်တဲ့ပုံတွေမှာ အရုပ်နဲ့အသံ ပေါင်းစပ်ထည့်သွင်းပေးမှာဖြစ် ပါတယ်။ သာမန်ရိုက်ကူးမှုအတွက်ကတော့ face beauty က အသင့်တော်ဆုံး ပါပဲ။ ကင်မရာ setting ထဲဝင်ကြည့်လိုက်မယ်ဆိုရင်တော့ GPS On, Exposure, Color effect, scene mide, white balance လို့ဆိုတဲ့ ဖုန်းရဲ့ ကင်မရာကို သုံးပြီးဓာတ်ပုံရိုက်ကူးသူတွေ ကြိုက်နှစ်သက်တဲ့ လုပ်ဆောင်ချက်တွေ ကိုတွေ့ရမှာပါ။ အရှေ့ဘက်ကတော့ Selfie သမားတွေအကြိုက် 4 MP, f/2.0, 27mm, 1/3" sensor size, 2µm pixel size ဖြစ်ပါတယ်။

<Software & Hardware>
HTC ရဲ့နောက်ဆုံးပေါ်စမတ်ဖုန်းဖြစ်ပြီး Octa-core သုံးထားတယ်ဆိုပေမယ့် android OS နောက်ဆုံးထွက်ကို သုံးစွဲနိုင်မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုရင် အလယ်အလတ်ဆင့် စမတ်ဖုန်းနဲ့ high-end ဖုန်းတွေရဲ့ကွာခြားချက် အဖြစ် OS ကို သီးသန့်သတ်မှတ်ထားသလိုပါပဲ။ ဒါကြောင့် Android v5.0 (KitKat) ကိုသာ သုံးနိုင်ပါလိမ့်မယ်။ HTC ကိုယ်ပိုင်ဖုန်းတွေမှာ ထည့်သွင်းပေး ထားတဲ့ sense ကိုတော့ 7.0 ပဲ သုံးနိုင်မှာပါ။

နောက်ထပ်တစ်ခုကတော့ ဖုန်းထဲမှာရှိနေတဲ့ cache ဖိုင်၊ history တွေကို ရှင်းလင်းနိုင်ပြီး ဖုန်းရဲ့ လုပ်ဆောင်ချက်ကို ပိုမိုမြန်ဆန်နိုင်စေဖို့အတွက် သုံးနိုင်မယ့် app ဖြစ်တဲ့ Clean Master ကို တစ်ပါတည်း ထည့်သွင်းကာ install လုပ်ပေးထားပါတယ်။ နောက်ထပ်လုပ်ဆောင်ချက်ကတော့ နည်းပညာနဲ့ ပတ်သက်တဲ့ သတင်း၊ ကမ္ဘာပေါ်မှာနောက်ဆုံးဖြစ်ပျက်နေတဲ့သတင်းတွေကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်အောင် ဖော်ပြပေးနေတဲ့ Blinkfeed ပဲဖြစ်ပါတယ်။ Reading list သတ်မှတ်ထားနိုင်သလို၊ မိမိအမြဲဖတ်ချင်တဲ့သတင်းဌာနတွေက News တွေကို highlights ပြုလုပ် ထားနိုင်ပါသေးတယ်။

ဒါဟာ HTC သုံးစွဲသူတွေအတွက် သီးသန့်ရတဲ့ လုပ်ဆောင်ချက်ပါ။ Samsung တောင်မှ သူ့ရဲ့နောက်ဆုံးထွက် စမတ်ဖုန်းတွေမှာ flipboard နဲ့ချိတ်ဆက်ပေးထားပါသေးတယ်။ Hardware ပိုင်းထည့်သွင်းထားမှုကတော့ နောက်ဆုံးပေါ် high-end ဖုန်းတွေမှာသာ မြင်တွေ့ရလေ့ရှိတဲ့ Octa-core ပရိုဆက်ဆာကို တပ်ဆင်ပေးထားပါတယ်။ အမြန်နှုန်းကတော့ 1.5GHz ရှိမှာဖြစ်ပါတယ်။

<Feature>
Desire 820G + မှာ လုပ်ဆောင်ချက်ပိုင်းတစ်ခုတည်းတင်မဟုတ်ဘဲ ပြောင်းလဲမှုတစ်ချို့ပါဝင်လာပါတယ်။ အဓိက ပြောင်းလဲသွားမှုကတော့ ဘာသာစကားတွေပြောင်းလဲနိုင်မယ့် Language & keyboard ပဲဖြစ်ပါတယ်။ HTC One M9 မှာ ပြောင်းလဲလာခဲ့တဲ့ ကီးဘုတ်ပုံစံမျိုးကို Desire 830 dual မှာ သုံးနိုင်မှာဖြစ်ပါတယ်။ Sangam keyboard MY ကိုသုံးနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုကီးဘုတ် ပုံစံအသစ်ကို HTC အနေနဲ့ 626G + မှာတည်းက စတင်သုံးစွဲ လာခဲ့တာပါ။ ဖုန်းအဟောင်းကနေ ဖုန်းအသစ်ကို ပြောင်းကိုင်တဲ့သူတွေ အတွက်ကတော့ get content from another phone ဆိုတဲ့ လုပ်ဆောင်မှု ကိုသုံးစွဲကြည့် သင့်ပါတယ်။ ဖုန်းထဲမှာရှိတဲ့ ဖုန်းနံပါတ်၊ မက်ဆေ့ခ်ျတွေ သာမကဘဲ photo, video တွေကိုပါ လွှဲပြောင်းနိုင်ပါလိမ့်မယ်။

ဖုန်းအဟောင်း မှာတော့ HTC transfer လို app ကို ထည့်သွင်းထားမှရပါလိမ့်မယ်။ အချက် အလက်သိုလှောင်သိမ်းဆည်းချင်သူ တွေအတွက်ကတော့ 32GB သာပါဝင် တာကြောင့် SD card ကို သုံးစွဲပြီးတော့ ထပ်မံတိုးမြှင့်ရပါလိမ့်မယ်။ 3GB RAM နဲ့အတူ storage ကို ထပ်တိုးမယ်ဆိုရင် 32GB အထိသာ လက်ခံနိုင်မှာပါ။ ဘက်ထရီဟာ Li-Po 2800mAh ကိုသုံးထားပြီး အင်တာနက် သုံးစွဲတာ၊ သီချင်း နားထောင်မှုတွေမှာ အတော်လေးကြာရှည်ခံတာကို တွေ့ရပါတယ်။ အချက် အလက် လွှဲပြောင်းမှုအတွက် ကတော့ bluetooth,wi-fi လိုဖုန်းမှာပါဝင်တဲ့ function တွေကိုသုံးနိုင်မှာပါ။

<Verdict>
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ်ရမယ်ဆိုရင် ဈေးနှုန်းနဲ့လုပ်ဆောင်ချက် ဘက်ညီ တယ်လို့ဆိုနိုင်ပါတယ်။ ခပ်ကြာကြာသုံး မယ်ဆိုရင်တောင် ဖုန်းပူတာမျိုးကို မဖြစ်စေပါဘူး။ ဘက်ထရီသက်တမ်းကလည်း အတော်လေး တာရှည်ခံပါ တယ်။ ဘက်ထရီ စွမ်းအားကတော့ 2800mAh ဖြစ်ပြီး ဆက်တိုက်ပြောဆို သုံးစွဲမှုအတွက် ၁၄ နာရီ သက်တမ်းရှိမှာဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com