10/09/2016

♪ GTA 5 (ကားသူခိုးဂိမ်း) ထဲက လက်နက်တွေထဲမှာ Galaxy Note 7 ဖုန်းကို ဗုံးအနေနဲ့ ထည့်သွင်းထား ♫


Facebook တွေ၊ Twitter တွေ လူမှုကွန်ယက်တွေမှာလည်း Photoshop နဲ့ ပြင်ဆင်ပြီး Galaxy Note 7 ဖုန်းကို သရော်ထားတဲ့ Memes တွေ၊ GIF တွေလည်း မြင်ပြီးကြပြီဆိုတော့ သင့်အနေနဲ့ Galaxy Note 7 ဖုန်းကို ဗုံးအနေနဲ့ ထုတ်လုပ်သင့်တယ်လို့ ထင်မြင်မိပါသလား။ GTA ဂိမ်းရဲ့ Programmer တွေကတော့ သင့်ထက်လက်ဦးမှုရယူသွားပါပြီ။

ဘာဖြစ်လို့လဲဆိုတော့ Grand Theft Auto 5 (ကားသူခိုး) ဂိမ်းရဲ့ လက်နက်ဝယ်တဲ့ နေရာက လက်နက်ဆိုင်ထဲမှာ Galaxy Note 7 ဗုံးကို ဝယ်ယူနိုင်လို့ပဲ ဖြစ်ပါတယ်။ GTA 5 ဂိမ်းမှာ မိုးပေါ်ကနေ ဝေလငါးကြီးကျလာတာ၊ မိုးမျှော်တိုက်တွေလောက် အရွယ်အစားရှိတဲ့ စကိတ်လျှော တည်ဆောက်တာ၊ မီးထဲကနေ ဂျမ်ဘိုဂျက်လေယာဉ်ကြီးကျလာတာ၊ စတဲ့ ရူးကြောင်ကြောင်နိုင်တဲ့ ပြုလုပ်မှုတွေလည်း ပါဝင်ခဲ့ပါတယ်။

ယအခုတစ်ဖန် ဒီအပတ်ထဲမှာ လည်းလုပ်ဆောင်ချက်ထူးထူးခြားခြားအနေနဲ့ Note 7 ကို ဗုံးအဖြစ်နဲ့ ထည့်သွင်းထားတဲ့ ဗီဒီယိုတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ ဒီဗီဒီယိုထဲမှာ Note 7 ဖုန်းနဲ့ ကားတွေကို လိုက်ကပ်တာ၊ လိုက်ပေါက်တာတွေ ပြုလုပ်ရာမှာ ပေါက်ကွဲမှုတွေနဲ့ ကြုံတွေ့ရတာကို ဖော်ပြထားတာပါ။ ဗီဒီယိုကို အောက်မှာကြည့်ရှုနိုင်ပါတယ်။



 
Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com