10/01/2016

♪ Google ရဲ့ ‘လိမ္မာသိဥာဏ်’ စနစ်သုံး Allo App ကိုဒေါင်းတဲ့သူ ငါးသန်းကျော်သွားပြီ ♫


Google ရဲ့ Artificial Intelligence (လိမ္မာသိဥာဏ်တု) စနစ်သုံး Allo App ဟာ ဒေါင်းလုဒ်လုပ်တဲ့သူတွေ ပိုမိုများပြားလာခဲ့ပါတယ်။ ယခုအခါမှာတော့ ဒီ App ကို Android တစ်ခုတည်းမှာတင် ဒေါင်းလုဒ်လုပ်တဲ့သူတွေဟာ ငါးသန်းကျော်သွားပြီဖြစ်တယ်လို့ သိရပါတယ်။ App ကို ပြီးခဲ့တဲ့အပတ်ကမှ ထုတ်လုပ်ခဲ့တာဖြစ်ပေမယ့် အခုလို အချိန်တိုအတွင်းမှာ အောင်မြင်ခဲ့တာပါ။

အရင်ဦးဆုံး ထွက်ရှိခဲ့တဲ့ ဗီဒီယိုချက်တင် App ဖြစ်တဲ့ Duo ထက်တောင် ပိုမိုအောင်မြင်တဲ့ App တစ်ခုဖြစ်လာခဲ့တာဖြစ်ပြီး အလွယ်တကူ ၅သန်းဆိုတဲ့ ပမာဏကို ရရှိခဲ့တာပါ။ Google ရဲ့ Machnie စနစ်ဟာလည်း တစ်ဖြည်းဖြည်းနဲ့ လွှမ်းမိုးမှုရှိလာတာကို တွေ့ရပါတယ်။ ဒီ App နဲ့တင် YouTube, Android, Search, Maps, Mail နဲ့ တခြားလုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအပြင် Chatting လုပ်ရာမှာလည်း Facebook Messenger, iMessage နဲ့ WhatsApp တို့လို App တွေလို လွယ်ကူ လျှင်မြန်မှုရှိဖို့အတွက် အာမခံခဲ့ပါတယ်။ အခုထည့်သွင်းထားတဲ့ ဒေါင်းလုဒ်ပြုလုပ်သူ ငါးသန်းဆိုတဲ့ ပမာဏထဲမှာ iOS ကနေဒေါင်းလုဒ်လုပ်သူတွေ မပါဝင်သေးပဲ ထည့်သွင်းတွက်ချက်မယ်ဆိုရင်တော့ ပိုမိုများပြားလာဖွယ်ရှိနေပါတယ်။

Facebook ပိုင်ဆိုင်တဲ့ App တွေဖြစ်တဲ့ Messenger App ဟာ နေ့စဉ်သုံးစွဲသူ သန်း ၈၀၀ ကျော်နဲ့ WhatsApp ဟာဆိုရင်လည်း သန်း၁၀၀၀ ကျော်ဆိုတဲ့ အင်အားကို ပိုင်ဆိုင်ထားကြလို့ Google ရဲ့ Allo ကဒီအတွက် ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။

Allo App ကို ဒီနေရာကိုနှိပ်ပြီး ဒေါင်းလုဒ်လုပ်နိုင်ပါတယ်။ (Size – 10 MB)


Credit to ==> Digital Times

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com