Samsung Galaxy TabPro S ကိုမှတ်မိသေးကြပါရဲ့လား? တခြား Galaxy Brand
ပစ္စည်းတွေနဲ့ မတူညီပဲ ဒီပစ္စည်းဟာ Windows 10 စနစ်နဲ့ အလုပ်လုပ်တာဖြစ်ပါတယ်။
TabProS ကို ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက CES ပွဲမှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး
ထုတ်လုပ်ရောင်းချခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့
တောင်ကိုရီးယားကုမ္ပဏီအနေနဲ့ ဒီတက်ဘလက်ကို Update အနေနဲ့
ထပ်မံထုတ်လုပ် လိုက်ပြန်ပါတယ်။
အဲ့ဒါကိုတော့ Galaxy TabPro S Gold Edition လို့ခေါ်ပြီး အရောင်ကတော့ နာမည်အတိုင်းပဲ ရွှေရောင်ဗားရှင်းအနေနဲ့ ထုတ်လုပ်ထားတာပါ။ အဲ့ဒီအပြင် အဆင့်မြှင့်တင်မှုအနေနဲ့ 8GB RAM နဲ့ 256 GB SSD ကတ်ပေါက်တို့ ထည့်သွင်းပေးထားတာပါ။
တခြားအချက်အလက်တွေကတော့ ပြောင်းလဲခြင်းမရှိပါဘူး။ ဒါကြောင့်သင့်အနေနဲ့ တက်ဘလက်ကို ၁၂လက်မမျက်နှာပြင်အကျယ်ရှိတဲ့ 2160 x 1440 Super AMOLED မျက်နှာပြင်နဲ့ တွေ့မြင်ရမှာ ဖြစ်ပြီး၊ 2.2 GHz ရှိတဲ့ Intel Core M3 Processor ပါဝင်ပါတယ်။ Wi-Fi, Bluetooth, USB Type-C ပေါက်နဲ့ 5MP ရှိတဲ့ ကင်မရာတွေ ပါဝင်တာဖြစ်ပါတယ်။ ဘက်ထရီကတော့ 5200 mAh ဖြစ်ပြီး ဗီဒီယိုကြည့်မယ်ဆိုရင် ၁၀နာရီကြာအားခံပါတယ်။
Gold TabPro S ကို ဈေးနှုန်း ဒေါ်လာ ၁၀၀၀ နဲ့ရောင်းချမှာဖြစ်ပြီး မော်ဒယ်အဟောင်းဖြစ်တဲ့ 4GB RAM 128 GB Storage ကတော့ ဈေးနှုန်း ဒေါ်လာ ၈၀၀ ရှိမှာဖြစ်ပါတယ်။ Gold ဗားရှင်းကို ဒီနေ့ကစလို့ Samsung ရဲ့ အွန်လိုင်းစတိုးကနေ ရရှိနိုင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

www.pyaephyo.com