အဓိက စမတ်ဖုန်းမျိုးဆက်ဖြစ်တဲ့ Galaxy Note 7 စမတ်ဖုန်းတွေကို
ဘက်ထရီပြသနာကြောင့် ပြန်လည်သိမ်းဆည်းခဲ့တာ တစ်လကျော်ကြာမြင့်ပြီးနောက်မှာ
Samsung အနေနဲ့ Note 7 ဖုန်းထုတ်လုပ်မှုကို ရပ်တန့်ထားမှာ ဖြစ်တယ်လို့
သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
AT&T နဲ့ T-Mobile တို့လို အော်ပရေတာတွေရဲ့ သတင်းထုတ်ပြန်ချက်အရ သူတို့ရဲ့ ဖုန်းရောင်းချမှုတွေကို ရပ်ဆိုင်းထားမှာ ဖြစ်တယ်လို့ ကိုးရီးယားသတင်းအေဂျင်စီ Yonhap ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားခဲ့တာပါ။ တောင်ကိုရီးယားနည်းပညာဘီလူးအနေနဲ့ ဖြစ်ရပ်ဆိုးတွေ ကြုံတွေ့နေရတာကြောင့် ဖုန်းထုတ်လုပ်မှုကို ယာယီအနေနဲ့ ရပ်တန့်ထားဖို့ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ Samsung ရဲ့ အဓိက Supplier တစ်ဦးရဲ့ ပြောကြားချက်အပေါ် ကိုးကားပြီး ဖော်ပြထားခဲ့တာပါ။
“ဒီပြုလုပ်မှုမှာ Samsung ရဲ့ တစ်ကမ္ဘာလုံးဈေးကွက်ကို ဖြန့်ချိနေတဲ့ အဓိကနေရာတစ်ခုဖြစ်တဲ့ ဗီယက်နမ်နိုင်ငံလည်း ပါဝင်ပါတယ်” လို့ ကုမ္ပဏီက သတင်းဌာနကို ဆိုခဲ့တာပါ။
Samsung အနေနဲ့ ကုမ္ပဏီရဲ့ မီဒီယာဌာနဟာ ဒီရက်ပိုင်းအတွင်းမှာ သတင်းတွေထွက်ပေါ်ထားခဲ့တဲ့ Note 7 ရဲ့ အစားထိုးလဲလှယ်ပြီးသား ဖုန်းတစ်လုံးက ထပ်မံပေါက်ကွဲတယ်ဆိုတဲ့ သတင်းအပေါ် ဖြေရှင်းဖို့အတွက် အလုပ်များနေခဲ့ပါတယ်။ ပထမဆုံး လဲလှယ်ပြီးယူနစ်ဖုန်းမှ မီးခိုးတွေ ထွက်လာပြီး မီးလောင်ခဲ့ တဲ့ ပြသနာဟာ အမေရိကန်ပြည်ထောင်စု Southwest လေကြောင်းရဲ့ လေယာဉ်ပေါ်မှာ ဖြစ်ပေါ်ခဲ့ တာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်အတွက် အမေရိကန်စားသုံးသူ ကာကွယ်ရေးကော်မရှင်က Samsung ကို စုံစမ်းနေတဲ့ အကြောင်း ဒီလင့်မှာ နှိပ်ပြီးဖတ်ရှုနိုင်ပါတယ်။

www.pyaephyo.com