အဆိုပါ စမတ်ဖုန်းတွင် ၄.၇ လက်မ FullHD IGZO display ကို အသုံးပြုထားပြီး pixel သိပ်သည်းဆက 469ppi ဖြစ်သည်။ Snapdragon 617 chipset ကို အသုံးပြုထားပြီး octa-core CPU နှင့် 3GB RAM ဖြင့် အသုံးပြုနိုင်သည်။ သိုလှောင်မှုပမာဏက 16GB ဖြစ်ပြီး microSD slot ပါဝင်သောကြောင့် သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်သည်။ ပင်မကင်မရာက 21MP ဖြစ်ပြီး f/1.9 aperture lens ဖြင့် ရိုက်ကူးနိုင်သည်။ အရှေ့ဘက်ကင်မရာက 8MP ဖြစ်သည်။
VoLTE, 4G LTE တို့ဖြင့် အသုံးပြုနိုင်သလို dual-band Wi-Fi a/b/g/n/ac, Bluetooth 4.2 နှင့် NFC တို့ကို ထောက်ပံ့ပေးထားသည်။ အရွယ်အစားက ၁၃၅ x ၆၇ x ၈.၆ မီလီမီတာဖြစ်ပြီး အလေးချိန်က ၁၃၅ ဂရမ်ဖြစ်ကာ ဘက်ထရီက 2,400mAh ဖြစ်သည်။
Android 7.0 Nougat ဖြင့် အသုံးပြုနိုင်မည့် Xx3 mini ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ရောင်းချမည်ဖြစ်သည်။
-နောင်နောင်
Ref: GSMArena
Credit Internetjournal
သီဟထိုက်(ဆွေသဟာ)
www.pyaephyo.com