Android User တွေအတွက်
သတင်းတစ်ကောင်းတစ်ခုပါပဲ။ နောက်ဆုံးမှာတော့ FIFA mobile soccer game အသစ်ဟာ
Play Store ပေါ်ရောက်ရှိလို့လာပါပြီ။ Apple User တွေအတွက်ကတော့ FIFA mobile
game တွေဟာ App Store ပေါ်မှာ နှစ်စဉ် တရားဝင်ထွက်ရှိပေမယ့် Android User
တွေအတွက်တော့ အခုမှထွက်ရှိလာတာဖြစ်ပါတယ် ။
FIFA ရဲ့ Offical Football game
ကောင်းကောင်း ကို mobile ပေါ်မှာကစားချင်သူတွေအတွက် စိတ်လှုပ်ရှားစရာ
အကောင်းဆုံး ဂိမ်းတစ်ခုကိုဆော့ကစားနိုင်ပြီပဲဖြစ်ပါတယ်။ ကိုယ်ပိုင် အသင်း
တစ်သင်းကို တည်ဆောက်ရမယ်၊ စီမံခန့်ခွဲရမယ်၊ နေ့စဉ်နဲ့အမျှ reward တွေရဖို့
daily live events တွေနဲ့ ကစားရမယ်။ Online Game ဖြစ်တာနဲ့ အညီ Android
ပေါ်မှာ ကစားဖူးသမျှ ဘောလုံး ဂိမ်းတွေအားလုံးထက် ပိုမိုသာလွန်ကောင်းမွန်ပြီး
စိတ်လှုပ်ရှားစရာကောင်း တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Size ကလည်း 100MB
မပြည့်တဲ့ အတွက် Download ချရတဲ့ ပမာဏထက် ပိုတဲ့ Feature အစုံကို
ဆော့ကစားရမှာဖြစ်ပါတယ်။
လိဂ် (၃၀) ကျော် ၊ Real Team (၆၅၀) ကျော်
နဲ့ Real Player (၁၇၀၀၀) ကျော်ပါဝင်ပါတယ်။ Season, League, Attack Mode နဲ့
Live Events တွေကို မရိုးတမ်းကစားရမှာဖြစ်ပါတယ်။ Global football
community မှာ Social အတွေ့အကြုံရဖို့အတွက် ကစားသမားအချင်းချင်း
စကားပြောတာတို့ လက်ဆောင်ပို့ တာတို့လည်းပြုလုပ်နိုင် ပါတယ်။ လက်ရှိမှာတော့
ဒီ ဂိမ်းကို Play Store ပေါ်မှာ အခမဲ့ရယူနိုင်ပေမယ့် EA sports game တွေရဲ့
ထုံးစံအတိုင်းပဲ in-app purchases တွေတော့ရှိနေပါတယ်။ အောက်က Link မှာ
အခမဲ့ ရယူနိုင်ပါတယ်။
Download FiFa Mobile Soccer Here
www.pyaephyo.com