Facebook ပေါ်က ဗီဒီယိုတွေကို ဖုန်းစခရင်သေးသေးလေးမှာ ကြည့်ရတာ
အားမရသူတွေအနေနဲ့ နောက်ဆို အိမ်ကတီဗီနဲ့တင် Facebook ဗီဒီယိုမျိုးစုံကို
ကြည့်နိုင်တော့မှာပါ။ ဆိုရှယ်နက်ဝေါ့ခ် Facebook ဟာ ယနေ့ကစတင်ပြီးတော့
စမတ်ဖုန်းပေါ်ကဗီဒီယိုတွေကို Apple TV နဲ့ Chromecast တို့ကို stream
လွှင့်နိုင်အောင် လုပ်ပေးလိုက်ပြီဖြစ်ကြောင်း ကြာသတေးနေ့က ကြေငြာလိုက်ပါတယ်။
လောလောဆည်တော့ ယခုလုပ်ဆောင်ချက်ကို iPhone တွေမှာပဲ ရရှိသေးပြီး၊ Android အတွက်လည်း မကြာမီထွက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။
Live video တွေအပါအဝင် Facebook ပေါ်က ဗီဒီယိုမှန်သမျှကို Apple TV နဲ့ Chromecast တို့ထံ stream လွှင့်ကြည့်နိုင်မှာဖြစ်ပါတယ်။ TV ကနေ Live Video ကြည့်မယ်ဆိုရင် စခရင်ကြီးတာကြောင့် ‘Reactions’ တွေကို အချိန်နဲ့တပြေးညီ ပိုမြင်နိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
လွှင့်နည်းကတော့ ယခုအချိန်ကစပြီး Facebook မှာ ဗီဒီယိုကြည့်မယ်ဆိုရင် Player ဘေးမှာ TV ပုံလေးပေါ်နေမှာဖြစ်ပြီး၊ နှိပ်လိုက်တာနဲ့ ကိုယ်ချိတ်ထားတဲ့စက်ဆီ ဗီဒီယိုလွှင့်ကြည့်နိုင်မှာဖြစ်ပါတယ်။ ဒီလို live stream လွှင့်နိုင်တာကြောင့် တီဗီကနေ Facebook ဗီဒီယိုကြည့်ရင်းနဲ့လည်း ဖုန်းမှာ တခြားအကြောင်းအရာတွေ လျှောက်ကြည့်နေနိုင်မှာပါ။
News Feed မှာ ဗီဒီယိုဘက်ပိုဦးစားပေးနေတဲ့ Facebook အတွက် ယခု feature အသစ်က ခြေလှမ်းအသစ်တစ်ရပ်လို့ ဆိုနိုင်မှာဖြစ်ပြီး၊ မိုဘိုင်း device တွေမှာသာမက တီဗီလို အိမ်တွင်းအီလက်ထရောနစ်ပစ္စည်းတွေအထိပါ ကြီးစိုးဖို့ ကြိုးပမ်းနေပုံပေါ်ပါတယ်။

www.pyaephyo.com